Friday, August 31, 2007

အင်းတော်ကြီးဘာကြောင့်ကမ္ဘာကျော်တာလဲ ?

ကချင်ပြည်နယ်မြစ်ကြီးနားခရိုင်မိုးကောင်းနယ်အတွင်းတည်ရှိသည်။မြန်မာနိုင်ငံ၏အကြီးဆုံးသောသဘာဝအင်းကြီးဖြစ်သည်။တောင်နှင့်မြောက်အလျား(၁၆)မိုင်ရှိသည်။မိုးရာသီအချိန်တွင်အနောက်ဘက်ကမ်းရှိလုံးတုံနှင်အရှေ့ဘက်ကမ်းရှိဟဲမုရွာအကြားရေပြင်အကျယ်ဆုံးဖြစ်သည်။အနံခုနှစ်မိုင်ကျယ်ဝန်းသည်။ရေပြင်ကြီးသက်သက်အကျယ်အ၀န်းသည်(၄၄.၉)စတုရန်းမိုင်ရှိသည်။ အင်းတော်ကြီးအိုင်အတွင်းအမှိုက်ဒိုက်သရိုက်ကင်းစင်သည်။ရေကြည်လင်သည်။ရေပြင်ကျယ်ကြီးသည်ပင်လယ်ပြင်တမျှရှုမဆုံးအောင်လှပသည်။အင်းတော်ကြီး၏အလယ်အင်းစွယ်တစ်ခုပေါ်တွင်ရွှေမဉ္ဖူစေတီတော်တည်ထားသည်။ အင်းတော်ကြီးသည်ပတ်ပတ်လည်၌တောင်ရိုးတောင်စွယ်များဝိုင်းရံထားသည့်ချိုင့်ဝှမ်းကြီးဖြစ်သည်။ရွှေမဉ္ဖူစေတီသည်ကချင်ပြည်နယ်၏အဓိကရစေတီတော်ကြီးဖြစ်သည်။ပေါင်းလဆန်ုးရားပွဲတော်ကျင်းပချိန်နီးကပ်လာလျှင်ဘုရားစေတီအရောက်လူလျှောက်သွားနိုင်ရန်သဲလမ်းမကြီးနှစ်လမ်းပေါ်လာတတ်သည်။ ဘုရားပွဲတော်ပြီးသည့်အခါသဲလမ်းများရေထဲပြန်မြုပ်သွားတတ်သည်။
ကျွန်တော် စာမေးပွဲ နီးနေတဲ့အတွက် POST အသစ်တွေကို စာမေးပွဲပြီးမှတင်ပါမည်။
ကျေးဇူးတင်ပါတယ်။ POST အသစ်များနှင့် ပက်သက်၍ CBOX မှာ အော်ခဲ့ပါဦး......
ရှေးဟောင်းပျူမြို့တော်ကြီး ဘယ်မှာရှိသလဲ ?

သရေခေတ္တရာမြို့ဟောင်းသည်ပြည်မြို့အရှေ့တောင်ဘက်ငါးမိုင်အကွာတွင်ရှိသည်။ အုတ်မြို့ရိုးကိုကျုံးပတ်လည်ဝိုင်းထားသည်။စက်ဝိုင်းပုံမကျတကျဖြစ်ပြီးတောင် မြောက်နှစ်မိုင်ခွဲ၊အရှေ့အနောက်နှစ်မိုင်ခန့်ကျယ်ဝန်းသည်။ပြည်ပေါက်ခေါင်းသွားကားလမ်းကို မြောက်ဘက်မြို့ရိုးပေါ်မှဖြတ်လျက်တည်ဆောက်ထားသည်။ မှောဇာဘူတာသည်မြို့ဟောင်း၏ဗဟိုနေရာအရှေ့မြောက်ဘက်ယွန်းယွန်းတွင်တည်ရှိသည်။ ပျူခေတ်ရှေးဟောင်းအဆောက်အအုံများနေရာအနှံတွေ့မြင်နိုင်သည်။ မြို့ရိုးအလယ်ဗဟိုတွင် နန်းတော်ကုန်းနေရာရှိသည်။ စတုဂံအုတ်ရိုး ကာရံထားသည်။တောင်ဘက်မြို့ရိုးအပြင်ဘက်၌အရှေ့ပျူတိုက်၊အနောက်ပျူတိုက်နှင့်ဗိဿနိုး သင်္ချိုင်းကျန်ရှိသေးသည်။
အိုလံပစ်ပွဲတော်များဘယ်အချိန်က စတင်ခဲ့သလဲ ?

ခရစ်တော်မပေါ်မီ(၇၇၆)ခုနှစ်မှစ၍ဂရိလူမျိုးများသည်အိုလံပစ်ပွဲတော်များကိုလေးနှစ်တစ်ကြိမ်ကျင်းပခဲ့သည်။ထိုအချိန်တွင် zeus နတ်ဘုရားကိုပူဇော်ရန်ပန်းချီပညာရှင်များစာရေးဆရာများ၊အားကစားသမားများစုဝေးရောက်ရှိတတ်သည်။အိုလံပစ်ပွဲဟုကျော်ကြားလာခဲ့သည်။ပထမဦးဆုံး အိုလံပစ်ပြိုင်ပွဲများသည်အားကစားသက်သက်မဟုတ်ချေ၊ပြဇာတ်များကကြသည်၊ကဗျာများရွတ်ကြသည်။ ပြေးပွဲများကျင်းပကြသည်။ဂရိလူမျိုးများအတွက်အိုလံပစ်ပြိုင်ပွဲများသည်စိတ်နှင့်ရုပ်ပေါင်းစပ်မှုကိုဖော်ပြပြီး zeus နတ်ဘုရားထံအောင်ပွဲဆုတောင်းခံနိုင်သည်ဟုယူဆသည်။အိုလံပစ်ပွဲတော်များကို(၃)ရက်ကြာမျှကျင်းပခဲ့သည်။အားကစားသမားများသည်အပြေးပြိုင်ကြ၊လှည်းမောင်းပြိုင်ကြသည်။ပွဲတော်မစမီကျမ်းသစ္စာကျိန်ရသည်။ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲများစားသောက်ပွဲများကျင်းပတတ်ကြသည်။
ဆေးပညာရဲ့ဖခင်ကြီးဆိုတာ ဘယ်သူလဲ

ရှေ့တုန်းက လူတွေဟာရောဂါကုသခံဖို့်အတွက် မှော်ဆရာတွေ စုန်းကဝေတွေကို အားထားခဲ့ရတယ်။မှော်ဆရာတွေ ဘာသာရေးဆရာတွေမပါတဲ့ သမားတော်အဖွဲ့တစ်ဖွဲ့ဟာ ဂရိနိုင်ငံမှာရှိတယ်။ သူတို့ကသိပံ္ပနည်းကျဆေးပညာကိုလေ့လာခဲ့ကြတယ်။သူတို့အုပ်စုထဲမှာအကျော်ကြားဆုံးသမားတော်ကြီးကတော့ဟစ်ပိုးခရေးတီးဆိုသူဖြစ်ပါတယ်။ သူုဟာဆေးပညာရဲ့ဖခင်ကြီးဖြစ်ပါတယ်။ ဆေးပညာရပ်ကိုလေ့လာချဥင်္်းကပ်ပုံက အလွန်စနစ်ကျတယ်။ သူနဲ့သူတစ်ပည့်တွေဟာ လူနာတွေကို ခရေစေ့တွင်းကျ ဂရုတစိုက်လေ့လာကြပါတယ်။ သူတို့ရဲ့ လေ့လာစူးစမ်းမေးမြန်းချက်များဟာ ယနေ့ခေတ်မှာတောင်ခေတ်မှီနေတယ်လို့နားလည်လက်ခံထားရပါတယ်။ သူ့စမ်းသပ်နည်းတစ်ချို့ကတော့ လူနာတွေထဲက တချို့ဟာအကြောင်းမရှိဘဲ မောပန်းနွမ်းနယ်နေရင် ရောဂါပိုးဝင်နေပြီ။ အကြောင်းမရှိဘဲနာကျင်ကိုက်ခဲနေရင် ဆေးဝါးချို့တဲ့လို့ဖြစ်တယ်။အိပ်စက်ခြင်းဟာကောင်းမွန်တဲ့ အပန်းဖြေနည်းဖြစ်တယ်ဆိုတာတွေပါပဲ။
လက်ကိုင်အိတ်တွေကိုဘယ်သူတွေ စပြီးသုံးခဲ့တာလဲ

၁၄၀၀ခုနှစ်များက ပိုက်ဆံအိတ်များကို အမျိုးသားရော အမျိုးသမီးပါအသုံးပြုကြပြီး ပိုက်ဆံအိတ်များတွင် ရွှေအသုံးပြု၍ တန်ဆာဆင်ခြင်း အနုစိတ်ပန်းထိုးခြင်းတို့ဖြင့် အလှဆင် အသုံးပြုကြသည်။ ရာစုနှစ်တစ်ခုကျော်ဖြစ်ပြီးနောက် ပန်းပွားကြိုးများပါဝင်သော အိတ်ပြားများပေါ်လာပြီး ရာစုနှစ် ကုန်ပိုင်းတွင်လက်ကိုင်အိတ် ဖက်ရှင်ခေတ်စားလာကာ အမျိုးသမီးများသည် စကတ်အောက်တွင် အိတ်ငယ်များထည့်သွင်းချုပ်လုပ်ဝတ်ဆင်ခြင်းကိုပိုမိုနှစ်သက်ကြသည်။၁၆၇၀ခုနှစ်တွင်အိတ်ကပ်များပါသော မြင်းစီးဘောင်းဘီများ ဖက်ရှင်တစ်မျိုးအဖြစ်ပေါ်ထွက်လာခဲ့သည့်အတွက်လက်ကိုင်အိတ်များကို အမျိုးသားများကဘေးချိတ်လာကြသည်။ သို့ရာတွင် ပိုက်ဆံထည့်ရန်အတွက် ပိုက်ကွန်ပိုက်ဆံအိတ်ကိုမှု ဆက်လက် အသုံးပြုခဲ့သည်။ ၁၈ ရာစုသို့ရောက်သောအခါ အမျိုးသား၊ အမျိုးသမီးသုံးအိတ်ငယ်များ ပျောက်ကွယ်သွားခဲ့သည်။ပြင်သစ်တော်လှန်ရေးပြီးနောက်အမျိုးသမီးများစတိုင်ကျလှပရေးကဏ္ဍတွင်လက်ကိုင်အိတ်များကလည်းပါဝင်လာခဲ့သည်။ ၁၈၈၀ ခုနှစ်တွင် အမျိုးသမီးအ၀တ်အစားဖက်ရှင်တိုးတက်လာသည့်နည်းတူလက်ကိုင်အိတ်ကြီးများကို ကြိုးရှည်များတပ်ဆင်အလှဆင်ထားသော ပုံစံမှာခေတ်စားလာခဲ့သည်။ ၂၀ ရာစုရောက်သောအခါ နည်းပညာ ဖွံ့ ဖြိုးတိုးတက်လာပြီး လက်ကိုင်အိတ်များတွင်လည်း သားမွေ၊ရေစိုခံစသဖြင့်ပုံစံဒီဇိုင်အမျိုးအစားမျိုးစုံကိုထုတ်လုပ်လာကြသည် ဟု7Day News ဂျာနယ်တွင်ဖေါ်ပြထားပါသည်။
ဒီဂျစ်တယ်နည်းပညာနှင့်လူသားကျင့်ဝတ်
ယနေ့ကမ္ဘာပေါ်တွင်ဒီဂျစ်တယ်နည်းပညာသည် လူသားတို့၏နေ့စဉ် ဘ၀ကို နည်းမျိုးစုံနှင့်လွှမ်းမိုး၍ ပုံစံပြောင်းလဲပေးနေသည်ကိုအထင်အရှားတွေ့မြင်နိုင်ပါသည်။အထူးသဖြင့်နည်းပညာသည် State of theart ခေါ်များစွာ အနုစိတ်၍ အသိဥာဏ်တစ်ခုအသွင်ဆောင်လာချိန်တွင်လူသားတို့၏ဘ၀ကိုကောင်းကျိုးများစွာဖြစ်ပေါ်စေသကဲ့သို့ ဆိုးကျိုးများလည်းဖြစ်ပေါ်စေခဲ့သည်ကို တွေ့နိုင်ပါသည်။အချို့သော Stateof the art နည်းပညာများသည် ဖွံ့ဖြိုးတိုးတက်မှုမမြန်သောမြန်မာ့လူဘောင်ကိုပင်ရိုက်ခတ်မှုများရှိလာသည်ကို သတိထားကြည့်လျှင် တွေ့ မြင်နိုင်ပါသည်။ State of the art ဆိုသည်မှာ အနုပညာသဘောကို ဆောင်လာသောနည်းပညာကိုဆိုလိုပါသည်။ အလျား ၃ လက်မ အနံ ၁.၅ လက်မသာရှိသော တယ်လီဖုန်းများအတွင်း ဒီဂျစ်တယ်ကင်မရာ၊ ဒီဂျစ်တယ်ဗီဒီယိုကင်မရာ ၊ စသည်များထည့်သွင်းလာနိုင်ခြင်းမျိုးကို State of the art နည်းပညာဟုခေါ်ဆိုရမည်ဖြစ်သည်။ ယခုကဲ့သို့သောကင်မရာများကိုယခင်ကနိုင်ငံတကာတွင် သီးခြားဖွင့်လှစ်ထားသော Spy Shop ခေါ်ထောက်လှန်းရေးသုံးပစ္စည်း အရောင်းဆိုင်များတွင်သာ သီးခြားဝယ်ယူခဲ့ရသော်လည်းယခုအခါလမ်းဘေးတွင်အလွယ်တကူဝယ်ယူရရှိသွားနိုင်ပြီးဖြစ်သည်မှာဒီဂျစ်တယ်နည်းပညာအံ့မခန်းတိုးတက်မှု၏ပြယုဂ်ဖြစ်သည်။ထိုသို့တိုးတက်လာသောအနုပညာသဘောဆောင်သည့် နည်းပညာများသည် တစ်ဖက်တွင်လူသားတို့၏ ဘ၀ကိုများစွာလွယ်ကူချောမွေ့သွားစေခဲ့သည်များ ရှိသကဲ့သို့ တစ်ဖက်တွင်လည်းလူသားတို့၏ ပုဂ္ဂလိကလွတ်လပ်ခွင့်များကို ခြိမ်းခြောက်ခြင်းများရှိလာသည်ကိုတွေ့ရသည်။ အမေရိကန်ပြည်ထောင်စုကဲ့သို့ နည်းပညာတိုးတက်သောနိုင်ငံတွင် ၉/၁၁ဖြစ်စဉ်အပြီး ဒီဂျစ်တယ်နည်းပညာ၊ ဒီဂျစ်တယ်နည်းပညာသုံးဗီဒီယိုကင်မရာများ၊ဒီဂျစ်တယ်ထုတ်လွှင့်စက်များ၊ ဂြိုလ်ထုနည်းပညာစသည်တို့ကို ပေါင်းစပ်အသုံးပြု၍ပြည်သူလူထု၏ လှုပ်ရှားမှုကို စောင့်ကြည့်လာခဲ့ရာ လေဆိပ်မှဝင်လာသောဧည့်သည်တစ်ဦးလက်ရှိမည်သည့်နေရာတွင်ရောက်ရှိနေသည်ကိုအချိန် ၄၅ မိနစ်အတွင်းရှာဖွေနိုင်သည့်အဆင့်ကိုရောက်ရှိလာခဲ့သည်။တစ်ဖက်တွင်လည်းဤနည်းပညာများသည် လူသားတို့၏ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေပြီဟုဆိုကာကန့်ကွက်မှုမျုားလည်းရှိနေသည်ကိုတွေ့ရသည်။ သို့သော်လည်းနည်းပညာရေစီးကြောင်းသည်အရှိန်အဟုန်ဖြင့်စီးဆင်းနေသည်ဖြစ်ရာ နောက်ထပ်ပေါ်ပေါက်လာသော Bluetooth နည်းပညာ၊ အင်ဖရာရက်နည်းပညာ၊ အင်တာနက်နည်းပညာများပေါင်းစပ်၍ အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်မည့်သဘောဆောင်လာပြီး လူသားတို့၏ ကျင့်ဝတ်ဖြင့်သာဆိုးကျိုးများကို ကာကွယ်နိုင်တော့မည့် သဘောတရားသည်များစွာထင်ရှားလာနေပါသည်။ ယနေ့ပေါ်ထွန်းလာနေသော ဒစ်ဂျစ်တယ်နည်းပညာသုံး တယ်လီဖုန်းလေးတစ်ခု၏ စွမ်းဆောင်ရည်ကိုကြည့်ပါ။ မိမိရှေ့တွင်ရှိနေသောလှုပ်ရှားမှုတစ်ခုကိုအလွယ်တကူမှတ်တမ်းတင်နိုင်ပြီး Bluetoothစနစ်ဖြင့်ခပ်လှမ်းလှမ်းရှိတယ်လီဖုန်းတစ်လုံး၊ကွန်ပျူတာတစ်လုံးပေါ်သို့အလွယ်တကူပေးပို့နိုင်နေပြီ ဖြစ်သည်။ GPRS စနစ်သုံးဆဲလ်လူလာတယ်လီဖုန်းများဆိုလျှင်အဆိုပါဗီဒီယိုမှတ်တမ်းကို အင်တာနက်ပေါ်သို့ အလွယ်တကူပေးပို့ နိုင်သကဲ့သို့ ကမ္ဘာပေါ်ရှိအခြားတယ်လီဖုန်းတစ်လုံးသို့လည်း အလွယ်တကူပေးပို့နိုင်လာသည်ကိုတွေ့ရသည်။ဤကိစ္စသည်ယနေ့အထင်ရှားဆုံးဥပမာဖြစ်ပြီး လူသားတို့၏ ပုဂ္ဂလိကလွတ်လပ်မှုကို အကြီးအကျယ်ခြိမ်းခြောက်လာသော နည်းပညာလည်းဖြစ်သည်။ ယခုအခါ ဓာတ်ပုံမှတ်တမ်းများသာမက ဗီဒီယိုမှတ်တမ်းများပါ လွင့်တင်နိုင်သော အင်တာနက်ဝက်ဘ် ဆိုက်များပါပေါ်ပေါက်လာနေရာလူတိုင်းရုပ်သံလွှင့်မီဒီယာတစ်ခုအသွင် အလွယ်တကူဆောင်လာခြင်းဖြစ်ပေသည်ဤသို့သောလူသားတို့၏ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ခြိမ်းခြောက်လာနေသည့်နည်းပညာများ၏ဆိုးကျိုးကို ကာကွယ်ရန်နည်းလမ်းမှာလူသားတို့၏ ကျင့်ဝတ်တစ်ခုသာရှိပါတော့သည်။ထိုသို့ဆိုလျှင်လူသားတို့၏ အတွင်းပိုင်းစိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းမြင့်မားရေးသည် ယနေ့ဖြစ်ထွန်းလာနေသော ဒစ်ဂျစ်တယ် နည်းပညာများနှင့်အတူ အရှိန်အဟုန်ဖြင့် လိုက်ပါနိုင်ရန် အထူးအရေးကြီးလာသည်ကိုတွေ့နိုင်ပါသည်။ သို့သော်တစ်ဖက်တွင်လည်းလူ့အဖွဲ့အစည်းအတွင်းရှိလူသားအားလုံး၏စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းမြင့်မားရေးကိစ္စသည် တနည်းအားဖြင့် ပညာရေးကိစ္စ၊အသိဥာဏ်ကိစ္စဖြစ်နေသောကြောင့် အချိန်တို အတွင်း အလွယ်တကူ ပြုပြင်နိုင်သော ကိစ္စရပ်တစ်ခုမဟုတ်ပါ။ဒုတိယနည်းလမ်းမှာ ဒစ်ဂျစ်တယ် နည်းပညာ၏ စွမ်းဆောင်ရည်အပေါ် ကာယကံရှင် တစ်ဦးချင်းမှ သဘောပေါက်၍ ဆောင်ရန် ရှောင်ရန် အသစ်များကို အလေးအနက် လိုက်နာကျင့်သုံးရေးဖြစ်သည်။ တတိယနည်းလမ်းမှာ ယခုကဲ့သို့ ဒစ်ဂျစ်တယ်နည်းပညာ အလွဲသုံးစားပြု၍ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ထိပါးသူများအား ဥပဒေကြောင်းအရ အရေးယူရေးဖြစ်သည်။ ဥပဒေကြောင်းအရအရေးယူခြင်းသည် များစွာထိရောက်သော ဟန့်တားမှုဖြစ်ရာ ဥပဒေများ ခေတ်နှင့်အညီပြုပြင်စီရင်ခြင်းတစ်ခုသာ လုပ်ဆောင်ရှိပါသည်။ ယခုကဲ့သို့ ဒစ်ဂျစ်တယ် နည်းပညာအသုံးချ၍ လူသားတို့၏ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ချိုးဖောက်သူများအား လူသားမဆန်သော ကျင့်ဝတ်ချိုးဖောက်သော ရာဇ၀တ်မှုတစ်ခုအဖြစ် ပြည်သူလူထုအား အသိပေး၍ ထိရောက်သောပြစ်ဒဏ်များစီရင်ခြင်းသည်လည်းနောင်အလွဲသုံးစားမှုများအား ထိရောက်စွာကာကွယ်နိုင်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေဒစ်ဂျစ်တယ်နည်းပညာသည် ခေတ်ရေစီးကြောင်းတစ်ခုသာဖြစ်၍တားဆီး၍မရနိုင်တော့ကြောင်းများစွာထင်ရှားနေသည်ဖြစ်ရာ အခြားနည်းလမ်းများဖြင့်လူ့ဘောင်၏အေးချမ်းသာယာရေးနှင့်ဖွံဖြိုးတိုးတက်ရေးကို ၀ိုင်းဝန်းစောင့်ရှောက်ကြရမည်မှာ လူသားတိုင်း၏တာဝန်ဖြစ်ပေသည်ဟု The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။
အနာဂတ်နည်းပညာထိုးဖောက်မှုသည် အာရှတွင်ဖြစ်ရန်ရှိဟုဘီလ်ဂိတ်ဟော ကိန်းထုတ်
တရုတ်နိုင်ငံသို့ဆယ်ကြိမ်မြောက်ရောက်လာပြီးသိက္ခာကြီးလှသောပေကျင်းတက္ကသိုလ်၌မိန့်ခွန်းချီးမြှင့်သည့်မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်း ဥက္ကဌမစ္စတာဘီလ်ဂိတ်က နောက်တစ်ကြိမ်လာအံ့သော နည်းပညာထိုးဖောက်အောင်မြင်မှုသည်အာရှ မှဖြစ်လိမ့်မည်ဟုဟောကိန်းထုတ်လိုက်ကြောင်းသတင်းရရှိသည်။ မစ္စတာဘီလ်ဂိတ်သည် ဟိုက်နန်ပြည်နယ်ဘိုအောက်မြို့၌ကျင်းပသော “ဘိုအောက်အာရှရင်ပြင်” သို့စနေနေ့ကတက်ရောက်လာခြင်းဖြစ်ပြီး ယင်းဆွေးနွေးပွဲရင်ပြင်၌နိုင်ငံအသီးသီးမှသြဇာကြီး နိုင်ငံရေးဂုရုများ၊ စီးပွားရေးပါရဂူများနှင့်ပညာရှင်များစုစုပေါင်း ၁၄၀၀ မျှတက်ရောက်ခဲ့ကြသည်။ သူကြွယ်ကြီးဘီလ်ဂိတ်ကသောမာ့စ်ဖရီဒမင်၏စာအုပ်(ကမ္ဘာကြီးသည် ပြား၏)ဟူသောစာအုပ်သည်အမေရိကန်တွင်သာမကတရုတ်နိုင်ငံ၌ပါအရာင်းရဆုံးစာရင်းဝင်ခဲ့ခြင်းကိုသူအံသြမိကြောင်း၊ ဖရိဒမင်ကပြသောအံ့ဖွယ်အချက်နှစ်ချက်ဖြစ်သည့်အာရှစီးပွားရေးဖွံဖြိုးမှုနှင့်နည်းပညာခုန်ပေါက်ဖွံဖြိုးမှုကိုအာရှသားများ လည်းကျေကျေညက်ညက်နားလည်ကြသည်ဟုပြောကြားသွားသည်။ယခင်ကအောင် မြင်မှုရစေသောအခွင့်အလမ်းသည်မေးနိုင်စွမ်းရှိသောနိုင်ငံမျိုးအပေါ်၌များသောအားဖြင့်မူတည်ခဲ့သော်လည်းယခုအခါတွင်မှုပညာရည်အဆင့်ပေါ်၌ပို၍မူတည်လာပြီဖြစ်ရာအာရှသည်လည်းနည်းပညာများထွန်းပါက်ရာနယ်မြေအဆင့်သို့ရောက်နေပြီ ဟုအလေးအနက်ပြောကြားသွားသည်။

Flower New Journal

NEWS FOR BLOGGER

အထူးသတင်းများကို .myanmarisp.com ၀င်ရောက်ဖက်ရူ့နိုင်ပါတယ်။
BLOGGER မိန်းကလေးများအတွက်သတင်းကောင်း
ဂျစ်တူးမဖြစ်နိုင်ချေရှိသည်ဟုယုံကြည်သူတိုင်း ရုပ်ရှင်မင်းသမီးအဖြစ်လျှောက်ထားနိုင်သည်။

လင်းရုပ်ရှင်ထုတ်လုပ်ရေးမှဒါရိုက်တာအိအိခိုင်ရိုက်ကူးမည့်ငယ်သူမို့မသိပါရုပ်ရှင်ဇာတ်ကားတွင်နွယ်(ခေါ်)ဂျစ်တူးမအဖြစ်ပါဝင် သရုပ်ဆောင်ရန်အတွက်ရုပ်ရှင်မင်းသမီး(အမြန်)လိုအပ်လျက်ရှိကြောင်း လင်းရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာအိအိခိုင်မှ MK Media သို့ဆက်သွယ်ပြောကြားခဲ့သည်။ စိတ်ပါဝင်စားသူများအနေဖြင့် စာရေးဆရာမမစန္ဒာ၏ “ငယ်သူမို့မသိပါ" ၀တ္ထုကိုကြိုတင်ဖတ်ရှုကာ မိမိကိုယ်မိမိအဆိုပါဝထ္တုထဲမှဇာတ်ကောင်တစ်ဦးဖြစ်သောနွယ်(ခေါ်) ဂျစ်တူးမဖြစ်နိုင်လောက်သည်၊ မိမိကိုယ်မိမိပါဝင်သရုပ်ဆောင်နိုင်လောက်သည်ဟုယုံကြည်ယူဆပါက လင်းရုပ်ရှင်ထုတ်လုပ်ရေး အမှတ်(၂၀၉/၃)၊ ၃၆လမ်း (အထက်)၊ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့သို့လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေလိုအပ်သည့်အချက်အလက်များဖြည့်စွတ်ကာ၂၀၀၇ခုနှစ်၊မေလ(၃၁)ရက်နေ့ညနေ(၅)နာရီနောက်ဆုံးထား၍လျှောက်ထားရမည်ဟုဆိုသည်။လျှောက်ထားသူသည်အသက်(၁၈)နှစ်မှ(၂၂)နှစ်အတွင်းရှိရမည်ဖြစ်ပြီးမိဘအုပ်ထိန်းသူခွင့်ပြုချက်ပါရှိရမည်ဟုဆိုသည်။ထို့အပြင်ရှေ့တည့်တည့်တစ်ပုံ၊ ဘေးတိုက်တစ်ပုံ၊ တစ်ကိုယ်လုံးတစ်ပုံ၊ စုစုပေါင်းဓါတ်ပုံ(၃)ပုံ ပါရှိရမည်ဟုဆိုသည်။ ထို့အပြင်လျှောက်တားသူသည် ဆက်သွယ်ရန် နေရပ်လိပ်စာအပြည့်အစုံနှင့်ဆက်သွယ်ရမည့်တယ်လီဖုန်းနံပါတ်ဖော်ပြရမည်ဟုဆိုသည်။လျှောက်ထားသူများမှပဏာမရွေးချယ်ခံရသူများ အားဇာတ်ဝင်ခန်းအချို့တွင်သရုပ်ဆောင်ကာအကဲဖြတ်အဖွဲ့မှရွေးချယ်ဆုံးဖြတ်မည်ဟုဆိုသည်။

အချစ်ဂျာနယ်
မြန်မာနှင့်ကိုရီးယား သရုပ်ဆောင်များ၏ “အိပ်မက်ဆိုးမှ မနိုးခင်” ဇာတ်လမ်း


ရွှေနေခြည်ကုမ္ပဏီ၊Studio 35 မှစီစဉ်ထုတ်လုပ်၍၀ထ္တု၊ဇာတ်ညွှန်းနှင့်ဒါရိုက်တာတင်သန်းဦးရိုက်ကူးတင်ဆက်သည့်“အိပ်မက်ဆိုးမှမနိုးခင်”ရုပ်မြင်သံကြားဇာတ်လမ်းတွဲကို ဧပြီ (၁၃)ရက်နေ့မှစတင်ရိုက်ကူးခဲ့ပြီးမေလ(၈)ရက်နေ့တွင် ကိုရီးယားမင်းသမီး၏ဇာတ်ဝင်ခန်းများကိုအပြီးသတ်ရိုက်ကူးပြီးစီးမည်ဖြစ်ကြောင်းသိရသည်။ထိုဇာတ်လမ်းတွဲတွင်ရုပ်သံဇာတ်လမ်းတွဲ (၁၄)ပိုင်းနီးပါးပါရှိမည်ဟုသိရပြီးကိုရီးယားမင်းသမီးချောKim A Young (ကင်အာရောင်း)၊ ကိုရီးယားဒါရိုက်တာ Cheom Man bae (ဂျွန်မန်ဘဲ)တို့နှင့်အတူသရုပ်ဆောင်ညီသစ်ထူး၊ Studio 35 မှ သရုပ်ဆောင်သင်တန်းသားသင်တန်းသူများလည်းပူးပေါင်းပါဝင်သရုပ်ဆောင်ထား ကြောင်းလည်းသိရသည်။အဆိုပါဇာတ်လမ်းတွဲ၏ဇာတ်ဝင်ခန်းများကိုတောင်ကြီးအင်းလေး၊ ပုဂံ၊ ညောင်ဦးအစရှိသည့် မြန်မာနိုင်ငံ၏ရှုမောဖွယ်ရာဒေသများတွင်ရိုက်ကူးခဲ့ပြီးကျန်ရှိနေသောဇာတ်ဝင် ခန်းများကို ရန်ကုန်တွင်ဆက်လက်ရိုက်ကူးလျက်ရှိကြောင်းသိရသည်။ “အိပ်မက်ဆိုးမှမနိုးခင်”ဇာတ်လမ်းတွဲတွင်ပါဝင်သရုပ်ဆောင်သည့်ကိုရီးယားမင်းသမီးချောလေးကင်အာရောင်းသည်မြန်မာဘာသာစကားကို အနည်းငယ်တတ်ကျွမ်းနေပြီဖြစ်ပြီး အဆိုပါရိုက်ကွင်းတွင်ပါဝင်ရိုက်ကူး သရုပ်ဆောင်ဝိုင်းတော်သားများကလည်းသူမနှင့်အတူကိုရီးယားစကားကိုအနည်းငယ်စီတတ်ကျွမ်းပြောဆိုနေကြပြီဟုသိရသည။် မြန်မာနိုင်ငံရှိနေရာအနှံ့အပြားသွားရောက်ရိုက်ကူးခဲ့သော ကိုရီးယားမင်းသမီးကင်အာရောင်းသည်မတူညီသော ရာသီဥတုအပြောင်းအလဲကြောင့်အပူရှပ်ခြင်း၊ အအေးမိခြင်းများမှလွဲ၍ကြီးမားသောဖျားနာမှုမျိုးမရှိခဲ့ကြောင်း၊ မြန်မာတို့၏ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများနှင့်မြန်မာမှုကိုကျွမ်းကျင်နေပြီးဖြစ်ကြောင်းသိရသည်။ အဆိုပါ “အိပ်မက်ဆိုးမှမနိုးခင်” ရုပ်သံဇာတ်လမ်းတွဲကိုရိုက်ကူးပုံဖော်ခဲ့သည့်ဒါရိုက်တာတင်သန်းဦးသည်ထိုဇာတ်လမ်းတွဲကိုမရိုက်မီကတည်းက ကိုရီးယားရုပ်ရှင်လုပ်ငန်းနှင့် ကိုရီးယားယဉ်ကျေးမှုသဘောသဘာဝကိုသွားရောက်လေ့လာထားခဲ့ပြီးဖြစ်ကြောင်းသိရသည်။ရိုက်ကူးမှုနှင့်ပတ်သတ်၍ ကိုရီးယားနှင့် မြန်မာရိုက်ကူးမှုများမှာကွာခြားမှုသိပ်မရှိကြောင်း၊အဆိုပါဇာတ်ကားတွင်နာမည်ကြီး သရုပ်ဆောင်များကိုကမ်းလှမ်းခဲ့သော်လည်းရိုက်ရန် အဆင်မပြေကြောင်း ကိုရီးယားမင်သမီးကင်အာရောင်းမှာသရုပ်ဆောင်ပိုင်းတွင်ထက်မြက်သူဖြစ်ပြီးညွှန်ကြားသောဇာတ်ကွက်ကို Reject မရှိချက်ချင်းသရုပ်ဆောင်နိုင်သူဖြစ်ကြောင်းနှင့်အဆိုပါ“အိပ်မက်ဆိုးမှမနိုးခင်”ဇာတ်လမ်းတွဲအားမြန်မာ့အသံရုပ်မြင်သံကြား၌ဖြစ်စေ၊ မြ၀တီရုပ်မြင်သံကြား၌ဖြစ်စေ ထုတ်လွှင့်ပြသရန်စီစဉ်ထားကြောင်းဒါရိုက်တာတင်သန်းဦးကပြောကြားသည်။ Snap Shot Journal
နန္ဒပြောတဲ့ သူပြောချင်တာတွေ
ဗျိုက်မကွယ်လွန်ခင်က ညီအစ်ကို နှစ်ယောက်ပေါင်းပြီး ရှိုးပွဲ ကန်ထရိုက်လုပ်ခဲ့တာမို့ ဗျိုက်မရှိတော့သော်လည်း ယခုနှစ်မှာတော့ ကံကြီးအောင်ကုမ္ပဏီနဲ့ ပူးပေါင်းပြိးရှိုးပွဲတွေလုပ်မှာဖြစ်ပါတယ်။ IC နဲ့ကတော့ တစ်နှစ်တစ်ပွဲ မပါမဖြစ်ပေါ့။ ကျန်တဲ့အဖွဲ့ တွေနဲ့လည်း လုပ်မှာဖြစ်ပါတယ်။ နန္ဒက ပရက်စင်တာသက်တမ်းကြာသော်လည်း အတူပါဝင်ရတဲ့ မင်းသမီးတွေကတော့ပြောင်းပြောင်းသွားပါတယ်။ “ပျော်ရွှင်စရာသရုပ်ဆောင်ကမ္ဘာ“ အစီအစဉ်ကိုလည်း သဇင်နဲ့ ရိုက်နေရာက သဇင် နယ်ရိုက်ကွင်းသွားတာကြောင့် ၀ိုင်းစုခိုင်သိန်းနဲ့ စီစဉ်လိုက်ရတာလည်းရှိပါတယ်။ ဗျိုက်ကွယ်လွန်ခြင်းတစ်နှစ်ပြည့်မှာ ထွက်မယ်လို့ စီစဉ်ထားတဲ့ ဗျိုက်ရဲ့ စီးရီးကလည်း ၁ နှစ်ပြည့်မှာ မထွက်နိုင်သေးပါဘူး။ သြဂုတ်၁ ရက်နေ့မှာ Mixing ဆွဲမှာဖြစ်ပြီး IC မှ ကိုချစ်စမ်းမောင်က ကူညီတာဖြစ်ပါတယ်။ ဗျိုက်အမှတ်တရ အဖြစ်ထုတ်မယ့် စီးရီးဖြစ်တာမို့ မလောစေလိုတဲ့အကြောင်း လေးဖြူကလည်း သတိပေးစကားကို စေတနာနဲ့ ပြောတယ်လို့ သိရပါတယ်။ ဒါကြောင့် ဗျိုက် ကွယ်လွန်ခြင်း နှစ်ပြည့် အမှတ်တရအဖြစ်ထွက်မှာ မဟုတ်ဘဲ အစစ အဆင်သင့်ဖြစ်ချိန်မှာ ထွက်လာမှာဖြစ်ပါတယ်။ နန္ဒရဲ့ ညီမ သဉ္ဇာနွယ်မင်းသည်လည်း သရုပ်ဆောင်လုပ်နေပြီဖြစ်ပါတယ် လို့ နံနက်ခင်းသတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
အကယ်ဒမီတွေရစေချင်တဲ့ ပရိတ်သတ်ကိုကျေးဇူးတင်တယ်ဆိုတဲ့ ခိုင်သင်းကြည်
ခိုင်သင်းကြည်ဟာ ယနေ့ထိပ်တန်းမင်းသမီးတစ်လက်ပါ။ ပါရမီကြောင့်ပဲပြောရမလား။ အကယ်ဒမီဆုကိုတော့ယနေ့ထိမရရှိသေးပါဘူး။ သူ့ချစ်ပရိတ်သက်ကလည်း ခိုင်သင်းကြည်တစ်ယောက် အကယ်ဒမီဘယ်တော့ရမလဲလို့ မေးတာခံရသူပါ။ ဒီအတွက်အကယ်ဒမီရစေချင်တဲ့ပရိတ်သက်ကို ကျေှးဇူတင်တယ်ဆိုတဲ့အကြောင်း ခိုင်သင်းကြည်ကပြောရှာပါတယ်။ ခိုင်သင်းကြည်က “မခိုင်ကိုမနှစ်ကထင်ကြေးပေးတဲ့ မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍ ”ဇာတ်ကား တကယ်ဆိုဘာမှလုပ်ကွက်မရပါဘူး။ အလှပြရုံသက်သက်လေးပါ။ တကယ်လုပ်ကွက်ရတာကြီးက မခိုင်ကြီးပါ။ ပြီးတော့အရင်တခါတုန်းက သတင်းထွက်သေးတယ်၊ “ယောက္ခမဆိုတာတခါတုန်းက သမက်ပါပဲ” ရမယ်လို့ထင်ကြေးပေးခဲ့ကြတယ်။ အဲဒီကားမှာလည်း ဟာသတွေ ဖန်စီလေးတွေပဲလုပ်ထားတာပါ။ မခိုင်ကိုယ်တိုင်မရနိုင်ဘူးလို့ ထင်ထားတယ်။ ဒါကြောင့်အခုအချိန်ထိတော့ အကယ်ဒမီနဲ့လွဲတယ်ဆိုတာတော့ မရှိသေးပါဘူး” လို့ ပြောသွားပါကြောင်း ဟု ပြည်မြန်မာသတင်းဂျာနယ်တွင်ဖေါ်ပြထားပါသည်။


မိဘမေတ္တာအဓိကပါလို့ပြောတဲ့မေကဗျာ
ဗိုက်ပူမဇာတ်ကားမှာ ကိုယ်ဝန်အစစ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့မေကဗျာဟာ အခုဆိုရင် ၃နှစ်သမီးလေးရဲ့ မိခင်တစ်ဦးဖြစ်နေပါပြီ။ အခုလောလောဆယ်ဆယ်မှာ လွင်မိုး၊ စိုးမြတ်သူဇာ၊ ဖြိုးငွေစိုးတို့နဲ့ “ကောင်းကင်တစ်ခုအလိုရှိသည်” ဇာတ်ကားရိုက်ထားပြီဖြစ်တယ်။ မိခင်တစ်ဦးဖြစ်လာတဲ့မေကဗျာကို မိဘမေတ္တာအကြောင်းမေးကြည့်တဲ့အခါမှာ “မိဘကအဓိကပါ ကိုယ်တိုင်ကလေးအမေဖြစ်လာတော့ မိဘကိုပိုနားလည်လာတယ်။ သိတက်လာတယ်။ ကိုယ်ချင်းစာတက်လာတယ်။ ကိုယ်မိဘနဲ့ယှဉ်ပြီးကိုယ့်ကလေးကို ပြန်ပြုစုလို့ရတာပေါ့ မိဘနဲ့ပတ်သက်လို့ ပြောမရတာတွေလည်း အများကြီးရှိပါတယ်။ သမီးလေးက အခုဆိုင်ရင် ၃နှစ်တောင်ရှိပြီ။ သူ့ကိုလည်းအနုပညာဝါသနာပါရင် ခွင့်ပြုရမှာပါ” လို့ ဆိုသွားလေရဲ့ ဟု ပြည်မြန်မာသတင်းဂျာနယ်တွင်ဖေါ်ပြထားပါသည်။

မိုးမမြင်လေမမြင် အခွေထွက်တော့မယ့်နန်းစုရတီစိုး
ဂျပန်နိုင်ငံကို အလည်အပတ်ခရီးသွားရာမှ ပြန်ရောက်လာတဲ့ နန်းစုရတီစိုးတစ်ယောက် သူ့ရဲ့မိုးမမြင်လေမမြင် သီချင်းခွေအသစ်ကို ထုတ်နိုင်ဖို့ အပူတပြင်းကြိုးစားနေပါတယ်။အဲဒီအခွေမှာ ဘာဘူ၊ရသစတဲ့ နာမည်ကြီးတေးရေးသမားများအပြင် နန်းစုကိုယ်တိုင်လည်း ရေးထားတဲ့ “ကမ္ဘာခြားဖေဖေ ”ဆိုတဲ့ သီချင်းလည်းပါဝင်ပါတယ်။ ဒီအခွေထွက်မဲ့ရက်ကို မေးကြည့်တော့ နန်းစုက “ဒီသီချင်းတွေကို mixing တွေဆွဲပြီးပါပြီ။ အခုအခွေကြော်ငြာအတွက် ကာဗာရိုက်နေပါပြီ။ ရိုက်ပြီးတာနဲ့ထွက်မှာပါ။ ဒီအခွေကို နန်းစုစိတ်တိုင်းကျလုပ်ထားပါတယ် လို့်ပြောသွားးပါတယ် ဟု ပြည်မြန်မာသတင်းဂျာနယ်တွင်ဖေါ်ပြထားပါသည်။

ဖူးစုံတစ်ခေတ် ဘယ်တော့ဖြစ်မလဲဆိုတာ မစဉ်စားမိသေးဘူးဆိုသည့် ဖူးစုံ
ဒါရိုက်တာမိုက်တီးရိုက်ကူမည့် “ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး” ရုပ်ရှင်ဇာတ်ကားကြီးမှာ လွင်မိုး၏ရည်းစား ရဲမေဟန်ဆောင်ထားသည့် ဇာတ်ရုပ်အဖြစ်ပါဝင်ထားကြောင်း သရုပ်ဆောင်ဖူးစုံက ဆိုလာပါသည်။ ယင်းဇာတ်ကားအတွက် သူ့အနေဖြင့်ဇာတ်လမ်းကို သေချာကြည့်ပြီးမှ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သူရိုက်ကူးသည့် ဇာတ်ကားအများစု၌ ရွယ်တူသရုပ်ဆောင်များနှင့် တွဲဖက်မှုနည်းပြီး ၀ါရင့်သရုပ်ဆောင်များနှင့် တွဲဖက်သရုပ်ဆောင်ရကြောင်း ဘယ်ဇာတ်ရုပ်မှာပဲဖြစ်ဖြစ် ပေါ့ပြက်ပြက်မလုပ်ဆောင်ကြောင်း လက်ရှိ၌ဖန်စီဇာတ်ကားတွေ ရိုက်ကူမှုများနေသော်လည်း ဒရာမာဇာတ်ကားကို ပိုရိုက်ကူးချင်ကြောင်းနှင့် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရေးပြီးသွားလျှင် အစ်မဖြစ်သူရှိသည့် စင်ကာပူနိုင်ငံသို့ အလည်အပတ်သွားရောက်ရန် အစီအစဉ်ရှိကြောင်း သိရသည် ဟု ပြည်မြန်မာသတင်းဂျာနယ်တွင်ဖေါ်ပြထားပါသည်။
ဂီတသက်တမ်းနှစ်(၃၀)ပြည့် live show လုပ်ဦးမည့် ကိုင်ဇာ
ကစ္ဆပနဒီကဲ့သို့ အတွေးနှင့်စကားလုံးအားကောင်းသည့် သီချင်းမျိုး မိုးရွာရင် မိုးရေချိုးမယ်လို ကလေးကြိုက်
ပေါ့ပေါ့ပါးပါးသီချင်းမျိုးသူငယ်ချင်းရေလက်ဖက်ရည်ဆိုင်ကို သွားကြပါစို့၊အင်းလေးမှာရွာတဲ့မိုးလိုလွမ်းဆွတ်
ကြေကွဲဖွယ် သီချင်းမျိုးတွေကို ပိုင်ပိုင်နိုင်နိုင် ရေးဖွဲ့သီဆို တီးခတ်နိုင်သည့် စွယ်စုံရကိုင်ဇာကို သူ့ညီမလေး
ဆရာမသင်းသင်းသာနှင့်အတူ ဆရာမ မိချမ်းဝေ၏ ကမ်းလှည့် ဆွတ်မီလုံးချင်းဝတ္တုသစ်မိတ်ဆက်ပွဲတွင်အ
မှတ်မထင်ဆုံခွင့်ရသည်။ လွန်ခဲ့သောနှစ်သုံးဆယ်ခန့်က LPJ Show တွေမှာ ပရိသတ်ထိန်းသည့် အနေဖြင့်
နောက်ဆုံးဆိုရသည့် အဆိုတော်စာရင်းမှာကိုင်ဇာပပါသည်။ ဒါကြောင့်နှစ်သုံးဆယ်လည်ပြန်ကြည့်သည့်အ
နေဖြင့် ကိုင်ဇာဘာတွေလုပ်ဖြစ်နေလဲဟု စကားစမိရာသူ၏ဂီတသက်တမ်းနှစ်သုံးဆယ်မြောက် အမှတ်တရ
တစ်ကိုယ်တော်Live Showကြီးကို ၂၀၀၇ နိုဝင်ဘာလ ထဲတွင် ကျင်းပသွားဖို့ရှိကြောင်းသိရသည်။ သည့်အ
တွက်နေရာကိုတော့ စဉ်းစားဆဲဖြစ်ပြီး Show လုပ်သည့်အခါသူ၏ သီချင်းများကိုကိုယ်တိုင်သီဆိုဖျော်ဖြေမှု
ကိုအဓိကထားတင်ဆက်မှာဖြစ်ကြောင်းသိရသည်။အဆိုပါ Showကိုသီချင်းများ၏ရာဇ၀င်မှတ်တမ်းသဖွယ်
တင်ဆက်သွားရန်ပြင်ဆင်ထားကြောင်းသိရသည်။ယင်းသို့တင်ဆက်မည့်Live Showတွင်သူ၏ခင်မင်သော
သူငယ်ချင်းများက စီးပွားရေးအကျိုးအမြတ်ပဓာန မထားဘဲ ကူညီကြမှာဖြစ်ပြီး ဒီ Show ၏အသေးစိတ်ကို
မကြာမီ စာနယ်ဇင်း မိတ်ဆက်ပွဲတစ်ပွဲပြုလုပ်၍ ရှင်းလင်းသွား မည်ဖြစ်သည်ဟု အချစ်ဂျာနယ်တွင် ဖော်ပြ
ထားသည်။
အဖေ့သီချင်းတွေပြန်ဆိုဖို့ နည်းနည်းပါးပါးကျန်ပါသေးတယ်
ဂီတလောကမှာတစ်ချိန်ကနာမည်ကျော်ကြား၊ အောင်မြင်လှတဲ့ တေးရေးစောဘွဲ့ မှူးကို ယနေ့ထိ ပရိသတ်တွေ မမေ့နိုင်ကြသေးတဲ့အကြောင်းအရင်းမှာ သူ့ရဲက ဂီတမျိုးဆက်သားသမီးတွေနှင့် အခြားဂီတပညာရှင်များက စောဘွဲ့ မှူးရဲ့ သီချင်းကို ဖော်ထုတ် အသိအမှတ်ပြုခဲ့ကြခြင်းကြောင့်ဖြစ်ပေလိမ့်မည်။ဖခင်ဖြစ်သူရဲ့ သီချင်းများကို သီဆိုရင်းအောင်မြင်မှု ရလာခဲ့ပေမယ့် ယခုအချိန်မှာကိုယ်ပိုင်သီချင်းများနဲ့ အောင်မြင်မှု လမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီဖြစ်တဲ့ သမီးကြီးဖြစ်သူ ကဗျာဘွဲ့ မှူးက ယခုလို ပြောကြားခဲ့ပါတယ် ဒီစီးရီးကိုလုပ်ထားတာ ၂ နှစ်လောက်ရှိသွားပြီ။ ခိုးကူးခွေတွေကြောက်လို့ ခဏငြိမ်နေတာ။ ဦးပီးပေါ်ကလေ ကြာလာတော့မထူးဘူးဆိုပြီးထွက်လိုက်တာ။အစ်မက ၂ နှစ်လောက်ပျောက်သွားတယ်လေ။ သမီးလေးမွေးလိုက်တော့ ပရိသတ်အတွက် အချိန်ယူလိုက်သလိုဖြစ်သွားတာနဲ့ တစ်ခွေလုံးအသစ်တွေချည်းပဲလုပ်ထားပါတယ်။ အစ်မဆိုနေကြ အသံအေးအေးလေးနဲ့ လိုက်မယ့်ပေါ့လေးတွေချည်းရွေးထားပါတယ်။အားအရဆုံးသီချင်းက ဟဲလေးရေးပေးတဲ့ ရင်တွေပူနေတယ်အချစ်လေး ကို နည်းနည်းအားရာတယ်။ တေးရေးဆရာတွေကို သီချင်းစအပ်ကတည်းက အစ်မဖြစ်စေချင်တာကိုလည်းပြောပြတယ်လေ။ ကိုယ်နဲ့ လိုက်ဖက်မယ့် သီချင်းကိုလည်း သူတို့က အကြံပေးတယ်။အစ်မရဲ့ အစ်ကို ဘွဲ့လေးက သီချင်းရေးပြီးသားလေ။ကြိုက်လို့ယူဆိုလိုက်တာ။တိတ်၊ စီဒီ အရင်ထွက်မယ်။ VCD ကတော့ နောက်နှစ်ပတ်ကြာမှ ထွက်မယ်။ VCDဒါရိုက်တာ ၀ိုင်းလေ။အစ်မသီချင်းက အလွမ်းတေးလေးတွေများတော့မိန်းကလေးပရိသတ်တွေကြိုက်တာပေါ့။အဟဲ စုံတွဲ အခွေက မီးခဲနဲ့ အတွဲခွေ လုပ်နေကြပြီ။ မီးခဲက သူ့စတိုင်လေးနဲ့ သူ။အစ်မက ကိုယ်စတိုင်နဲ့ ကိုယ်ဆိုကြမယ်။အချစ်သီချင်းတွေလဲ ပါမယ်။အဖေ့သီချင်းတွေထည့်ဆိုမယ့်လို့ စိတ်ကူးထားပါတယ်။ ဒါမှ Family Type လေးဆန်သွားမှာပေါ့။အဖေ့သီချင်းသူများတွေယူဆိုနေတာ ကျန်သေးရဲ့လားဆိုတော့ တစ်ပုဒ်တစ်လေတော့ ကျန်ပါသေးတယ်။အဲဒီအခွေလေးက ကာလာမတူတဲ့ ညီအစ်မနှစ်ယောက်ရဲ့ သီချင်းတွေပါမှာဆိုတော့ ထူးခြားမယ်။ မီးခဲ က အနှေးဘယ်လို၊ အမြန်ဘယ်လို ဆိုတဲ့သီချင်းဆိုခြင်းရဲ့ သဘောတရားကို သူကကျွမ်းပြီးသားလေ။ အစ်မတောင် ဂိုက်လုပ်ပေးစရာမလိုဘူး။တစ်ကိုယ်တော် အနေနဲ့ဆို ခြောက်ခွေမြောက်၊ စုံတွဲ အခွေက စည်သူလွင်နဲ့ အသက်လိုတစ်ခွေရယ် ကိုမျိုးကျော့နဲ့ သတိရရင်ပြီးတာပဲ ရယ် ၂ ခွေပဲ သီးသန့်ထွက်ဖူးတယ်။ Live Show တွေတော့ အများကြီးဆိုထားပါတယ်။အသစ်ထွက်ဖို့လည်းရှိပါသေးတယ် ဟု လျှပ်တပြတ်သတင်းဂျာနယ်တွင်ဖော်ပြထားပါသည်။
ဗီဒီယိုကားတွေ နယ်မှာရုံတင်ပြသတာရှိကြောင်း ကြားသိရပေမယ့် ဈေးကွက်တော့မလေ့လာဖြစ်ဘူး ဒါပေမယ့် အဲဒီအနေအထားက သူတို့အတွက် ပရိသတ်ပိုရရှိကြောင်း ပြောကြားလာတဲ့ ခွန်းဆင့်နေခြည်
ဒီရက်ပိုင်းမှာလည်း ဒါရိုက်တာဥက္ကာဗိုနဲ့ ဇာတ်ကားရိုက်ကူးရေးရှိပါတယ်ဆိုတဲ့ ခွန်းဆင့်နေခြည်က အခုရိုက်တဲ့ဇာတ်ကားမှာ နေထက်လင်းနဲ့တင့်တင့်ထွန်းတို့လည်းပါတယ်။ အက်ရှင်ကားတော့မဟုတ်ပါဘူးလို့လဲ ဆိုပါတယ်။ သူရဲ့ကျောက်ဆူးထုတ်လုပ်ရေးအတွက် မရိုက်ခင်လပ်ကီးဆဲဗင်းအတွက် ရိုက်တဲ့ဇာတ်ကားများနေသူ ခွန်းဆင့်နေခြည်ကိုတော့ ဗီဒီယိုဈေးကွက်အကြောင်း ဦးစားပေးမေးတော့မယ်စိတ်ကူးကာ .. မေး- တစ်ချို့ဗီဒီယိုကားတွေက နယ်မှာအဆင့်မြင့်သဘောမျိုး ရုံတင်ပြသနေကြတယ်လို့ကြားတယ်။ နေခြည်ကားတွေကရော အဲဒါမျိုးပြသတာရှိလား။ ပြခဲ့ရင်ပရိတ်သတ်တုံ့ပြန်မှုက ဘာလဲ ဖြေ- မင်းသားမင်းသမီးကောင်းကောင်းတွေနဲ့ တွဲထားတဲ့ကားတွေဆိုရင် နယ်မှာရုံတင်ပြသတာမျိုးရှိတယ်။ အဲဒီလိုရုံတင်ပြသတဲ့အတွက် ဈေးကွက်အခြေအနေဘယ်လိုရှိတယ်ဆိုတာ တော့ မလေ့လာဖြစ်ဘူး။ နယ်မှာရုံတင်ပြသနေတယ်သိတော့ သိတယ်။ ဒါပေမယ့်နေခြည်တို့အတွက်တော့ ပရိတ်သတ်ပိုရတယ်။ မေး- ကျောက်ဆူးက ထုတ်လုပ်တဲ့ ဇာတ်ကားတွေရော အဲဒီလိုရုံတင်ပြသဖူးလား။ ဖြေ- ကျောက်ဆူးက ထုတ်လုပ်ရေးအနေနဲ့ပဲလုပ်တာပါ။ ဖြန့်ချိရေးကိုသိပ်နားမလည်းဘူး ဒါကြောင့်နေခြည်တို့ရိုက်ပြီးရင် လပ်ကီးဆဲဗင်းကိုပဲရောင်းလိုက်တယ်။ မေး- အဆင့်မြင့်တို့ ရုပ်ရုင်ကားကြီးတွေနဲ့ နေခြည်ကံမစပ်သေးတာ ဘာကြောင့်များလဲ ဖြေ- ဒါကတော့လာငှားတဲ့သူမရှိသေးလို့ပေါ့။ မေး- လာငှားတဲ့သူရှိအောင် ခွန်းဆင့်နေခြည်ကို ခေါ်ရိုက်ပါဦးလို့မတောင်းဆိုဘူးလား ဖြေ- အဲဒါမျိုးမရှိပါဘူး။ သူတို့အဆင်သင့်လို့ ရိုက်ချင်တယ်ဆိုရင်တော့ ရိုက်လိုက်တယ်။ ကိုယ့်ကိုခေါ်ရိုက်ပါလို့ အကြံဥာဏ်ပေးရမယ့် အနေအထားလည်း မဟုတ်ပါဘူး။ မေး- ဒါကမာနထားတာလား ဖြေ- မာနထားတာမဟုတ်ဘူးလေ။ ဇာတ်ကောင်ရွေးချယ်တာ ထုတ်လုပ်သူဒါရိုက်တာတွေရဲ့အပိုင်းပဲ။ အဆင့်မြင့်နဲ့ ရုပ်ရှင်ကားကြီးရိုက်ဖို့ ကံမစပ်သေဖူးဆိုတာတော့ ကံနဲ့ စန်းနဲ့ အများကြီးဆိုင်မှာပေါ့နော်။ မေး- အဆင့်မြင့်ကားတွေက ငွေပိုရှာရလွယ်တယ်လို့ ပြောကြတယ်။ ကျောက်ဆူးက ဘာလို့ငွေရှာလွယ်တဲ့ အဆင့်မြင့်ကားမရိုက်တာလဲ ဖြေ- အဲဒါထင်ကြလို့ပါ။ အဆင့်မြင့်က ငွေပိုရှာရလွယ်တယ်ဆိုပေမယ့် လတ်တလောအနေအထားဈေးကွက်အရ အဆင့်မြင့်ကို လူတွေသိပ်မရိုက်ကြတော့ပါဘူး။ အခုဗီဒီယိုရိုက်တယ်။ အဆင့်မြင့်ကထင်သလောက်ဖြစ်မလာတာတွေ အများကြီးပဲလေ။ ကိုယ့်ရှေ့မှာတွေ့နေရတာပဲ။ နေခြည်ကတော့မစွန့်စားရဲသေးဘူး။ ကိုယ့်ရဲ့ကျောက်ဆူးက ကုမ္ပဏီအကြီးကြီးတွေနဲ့ သိပ်မယှဉ်ရဲသေးပါဘူးဟု အချစ်ဂျာနယ်တွင်ဖေါ်ပြထားပါသည်။
ဂီတလုလင်ဦးကိုကိုအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်မည်
ယဉ်ကျေးမှုဝန်ကြီးဌာန ဂီတလုလင်ဦးကိုကိုအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ ဂီတလုလင်ဦးကိုကိုသည် ယဉ်ကျေးမှုတက္ကသိုလ်ကောင်စီဝင် ထူးချွန်ထက်မြက်သည့်အနုပညာရှင်တစ်ဦး ဖြစ်ပြီးမျိုးဆက်သစ်များအနေဖြင့် ယင်းအနုပညာရှင်ကြီးများ၏ အရည်အသွေးများကို အားကျအတုယူစေလိုသော ရည်ရွယ်ချက်ဖြင့်ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ ဂီတလုလင်ဦးကိုကိုသည် ဂီတ၊ အနုပညာ၊ ဆောင်းပါး၊ ကဗျာစသည်တို့၌ အလွန်ထူးချွန်ထင်ရှားသူ ဖြစ်ကာပြည်ပနိုင်ငံအများအပြားသို့ သွားရောက်ပြီး ဂီတဖျော်ဖြေပွဲများပြုလုပ်ခဲ့သည်။ ၁၉၉၂-၁၉၉၃ ခုနှစ်၌ အမေရိကန်နိုင်ငံနှင့် ကနေဒါရှိ ဂီတတက္ကသိုလ်များတွင် မြန်မာ့ရိုးရာဂီတပညာရပ်များကို ဧည့်ပါမောက္ခအဖြစ် သွားရောက်ပို့ချခဲ့ကြောင်း သိရသည်။ ယဉ်ကျေးမှုတက္ကသိုလ် စတင်ဖွင့်လှစ်ပြီး ဘွဲ့ပေးအပ်သည့်နှစ် ၁၉၉၇ မှစတင်၍ ၂၀၀၆ခုနှစ်အထိ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ အနုပညာရှင်ဘွဲ့ရပေါင်း ၁၃၅၆ ဦး၊ ဘွဲ့လွန်ဒီပလိုမာ ၄၃ဦးနှင့် ဂုဏ်ထူးဆောင်ဘွဲ့ ၃၄ဦးတို့အား ဘွဲ့အသီးသီး ချီးမြှင့်အပ်နှင်းနိုင်ခဲ့ကြောင်းသိရသည် ဟု ရန်ကုန်တိုင်းမ် ဂျာနယ်တွင်ဖော်ပြထားပါသည်။

ချစ်သုဝေ

ဘ၀အတွက်မှတ်တိုင် ဖြစ်ဖို့ တစ်ကိုယ်တော် ခွေ လုပ်နေတဲ့ ချစ်သုဝေ
အစ်မဖြစ်သူ ချစ်ဆုဝေ နဲ့ အတွဲခွေတစ်ခွေ ထွက်ဖို့ လုပ်နေတဲ့ ချစ်သုဝေက တစ်ကိုယ်တော် စီးရီးအတွက်လည်းစီစဉ်နေပါပြီ။ ညီအစ်မနှစ်ယောက် အတွဲခွေမှာ စိတ်ကြိုက် သီချင်းများ ကိုရွေးချယ်ထားပြီးဘ၀မှာ မှတ်တိုင်လေးဖြစ်အောင်လုပ်ချင်တဲ့အတွက် တစ်ကိုယ်တော် အခွေကို စီစဉ်နေခြင်းဖြစ်ကြောင်း ချစ်သုဝေက ဆိုပါတယ်။ “ပရိုဂျူဆာလည်းရှိတယ်လေ။ တကယ်လို့ပရိုဂျူဆာမရှိတော့ရင်လည်း အရင်းရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သမီးကတော့ ဆက်လုပ်ဖြစ်မှာပဲ။ မြတ်တာက တော့ထည့်မပြောတော့ပါဘူး၊ ဒါပေမဲ့ သီချင်းသုံးပုဒ်ပဲ ရသေးတယ်။ သမီး ရေးထားတာ တစ်ပုဒ်ရှိတယ်” လို့တစ်ကိုယ်တော်စီးရီးအတွက်ပြင်ဆင်မှုအကြောင်းချစ်သုဝေ ကပြောပြပါတယ်။ တစ်ကိုယ်တော် အခွေမှာ ဆိုနေကျ သီချင်းပုံစံများထည့်မှာ ဖြစ်သလိုရှိုးဆိုလို့ကောင်းမယ့် သီချင်းများ ကိုချစ်သုဝေက ရွေးချယ်မှာဖြစ်ကြောင်းသိရပါတယ်။ Slow Rock သီချင်းပုံစံလေးတွေကို အရမ်းကြိုက်နေတဲ့ ချစ်သုဝေ ကတစ်ကိုယ်တော်စီးရီးအတွက်တေးရေးရွေးချယ်ပုံနဲ့ပတ်သက်ပြီး “တေးရေးတွေက ကိုယ့်ထက် ကျွမ်းကျင်ကြတယ်။ သမီးရဲ့ဆိုဟန်ကို သိအောင်လုပ်ပြီးသားတွေဆိုတော့ သမီးအသံဘယ်လိုသီချင်းနဲ့လိုက်မယ်ဆိုတာသိကြတယ်။ ကိုယ်တိုင်က ရွေးစရာမလိုဘူး၊ တေးရေးတွေက သမီးတို့ထက် တော်တယ်။ ပိုင်ပြီးသား၊ တစ်ကိုယ်တော်အတွက်တော့ပရိုဂျူဆာစိတ်ကြိုက်ဖြစ်မယ့် သီချင်းတွေလည်း ပါတယ်။ သမီးက ဟိုလူမှ ဒီလူမှ မဟုတ်ဘူး။ တေးရေးတွေအားလုံး ကိုကြိုက်တယ်” လို့ဆိုပါတယ်။ ကော်ပီ၊ ကိုယ်ပိုင်သံစဉ်သီချင်းမျှအောင် ထည့်မယ်တစ်ကိုယ်တော် စီးရီးအတွက်ပြင်ဆင်နေတဲ့ ချစ်သုဝေ က လောလောဆယ် အနုပညာလှုပ်ရှားမှုအဖြစ် သီချင်းများဆိုဖို့ပဲရှိကြောင်းသိရပါတယ်ဟု အလင်းတန်းဂျာနယ်တွင်ဖော်ပြထားပါသည်။

DUAL PACKAGE

Dual_Student Package
Space - (250) MegBandwidth - (3) GbFTP Account - (10) Email Account - (10) Database - (2) Subdomain - (1)1000 Baht / year(including Domain Name)


Dual_Gold Package
Space - (1) GBandwidth - (10) GFTP Account - (20)Email Account - (20)Database - (10)Subdomain - (20)3000 Baht / year(including Domain Name)

Dual_Platinum Package
Space - (3) GBandwidth - (30) GFTP Account - UnlimitedEmail Account - UnlimitedDatabase - UnlimitedSubdomain - Unlimited5000 Baht / year(including Domain Name)

အထက်ပါ Package တခုတိုင်းအတွက် မိမိတို့ကိုယ်ပိုင် Cpanel ဖြင့် အသုံးပြုနိုင်ပါသည်။
ကိုယ်ပိုင် CPanel အသုံးပြုနိုင်သည့် အတွက် မိမိတို့စိတ်ကြိုက် စီမံခန့်ခွဲနိုင်ခြင်း၊ Database များ၊ Subdomain များ၊ Email Account များ၊ FTP Account များနှင့် ပတ်သက်၍ စိစစ်ရွေးချယ် ဖန်တီး အသုံးပြုနိုင်ပါသည်။
ထို့ပြင် Blogs, Content Manager, ECommerce, Guests Book, Poll စသည်ဖြင့် အလွယ်တကူ တပ်ဆင် အသုံးပြုနိုင်ရန် ထည့်သွင်းပေးထားခြင်းများ ပါရှိပါသည်။မိမိကျွမ်းကျင်မှုအလိုက် အလွယ်တကူ ယူငယ်သုံးစွဲနိုင်ပါသည်။
Hosting Dual အနေဖြင့်လည်း မိမိတို့တွင်ရှိသည့် နည်းပညာအခြေခံဖြင့် မိတ်ဆွေများရဲ့ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။
သင်တို့လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်Hosting Dual အမှတ်အသား တည်ရှိနေခြင်းဖြစ်ပါသည်။

Mandalay(မန္တလေး)

Mandalay (မန္တလေး)
Location
Mandalay Division is situated in central Myanmar, adjoining Sagaing Division in the north, Shan State in the east, Bago Division and Kayin State in the south, and Sagaing and Magway Divisions in the west. The area of MandalayDivision is 14,295 square miles।

Population
Mandalay Division is the second most populous division in Myanmar with 6,442,000 residents. The average population density is 424 persons per square mile.InhabitantsThe majority of the population is Bamar. There are also a small number of Shan, Danu, Lisu and Palaung residing on the eastern plateau. Small populations of Leway and Pyinmana live in the Plain Chin (Asho Chin) region. National races such as Kachin, Kayin and Chin also live in the division.
Religion

Most of the people follow Buddhism, and there are also Hindus, Muslims and Christians.
DialectsMyanmar language is mainly spoken.
How to get there?

Mandalay International Airport is only about hour's flight from Yangon। Myanmar Airways, Yangon Airways and Air Mandalay operate daily flights। The road trip from Yangon to Mandalay takes about 12 hours by express coach, and about 14 hours by train. Pyin-Oo-Lwin, a popular resort town and a former British hill-station, is about 69 km or an hours drive from Mandalay. The picturesque town is over 1000 metres above sea-level, and the cool climate adds to this town's popularity with tourists. GOOD LUCK.

သင်းဖွဲ့စိတ်ဓာ


အိုင်တီခေတ် KNOWLEDGE လုပ်သားနဲ့ သင်းဖွဲ့စိတ်ဓာတ်

ကွန်ပျူတာနည်းပညာ တိုးတက်ဖွံ့ဖြိုးမှုနဲ့အတူ ဆော့ဖ်ဝဲ တီထွင်ရေးသားမှု (software development) လုပ်ငန်းဟာလည်း ကမ္ဘာနဲ့အဝန်း တိုးတက်ဖွံ့ဖြိုးလာခဲ့ပါတယ်။ ဒီလုပ်ငန်းဟာ ငွေကြေးဓနအင်အားကြွယ်ဝမှုထက် လူသားတို့ရဲ့အသိဉာဏ်ပညာ (knowledge) ကိုအခြေပြုတဲ့ လုပ်ငန်းဖြစ်တာကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်ပါ ရေရှည်မှာအားထားရမယ့် လုပ်ငန်းအမျိုးအစားတစ်ခုပါ။ တစ်နည်းပြောရရင် လူသားအရင်းအမြစ် (human resources) ကို ပဓာနပြုတဲ့လုပ်ငန်းဖြစ်တာကြောင့် လူသားတွေရဲ့ အရည်အသွေးမြင့်ရင် မြင့်သလောက် နိုင်ငံဖွံ့ဖြိုးအောင်လုပ်နိုင်တဲ့ လုပ်ငန်းပဲဖြစ်ပါတယ်။

ဒါဆိုရင် လူတွေရှိရုံနဲ့ ပြီးရောလား၊ နောလစ်ခ်ျလုပ်သား (knowledge worker) တွေ များပြားရုံနဲ့ ရရောလားဆိုတော့လည်း မဟုတ်သေးပါဘူး။ ဘယ်စက်မှုလက်မှုလုပ်ငန်းမျိုးအတွက်မဆို မရှိမဖြစ်လိုအပ်တဲ့ အခြေခံအဆောက်အအုံ (infrastructure) ကိုတော့ အတိုင်းအတာတစ်ခုအထိ ပြည့်စုံအောင် ဖြည့်ဆည်းပေးရမှာပါ။ ဆော့ဖ်ဝဲ ရေးသားတီထွင်ထုတ်လုပ်ရာမှာ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေက နောလစ်ခ်ျလုပ်သား (ဝါ) ဆော့ဖ်ဝဲဒီဗလော့ပါတွေရဲ့လုပ်ခလစာဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာထက် အဆတစ်ရာဝန်းကျင် ကြီးမြင့်နေပါတယ်။ ဒါကြောင့် ဆော့ဖ်ဝဲကုမ္ပဏီကြီးတွေဟာ သူတို့ နိုင်ငံပြင်ပရှိ ဖွံ့ဖြိုးဆဲနိုင်ငံတွေကပရိုဂရမ်မာတွေဆီ လုပ်ခဈေးချိုချိုနဲ့ အပ်နှံလာကြပါပြီ။

ဒီလိုဖွံ့ဖြိုးပြီး စက်မှုနိုင်ငံကြီးတွေရဲ့ ပြည်ပမှအရင်းအမြစ်ရယူမှု (out-sourcing) ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေက အိုင်တီပညာရှင်လုပ်သားတွေအဖို့လည်း စို့စို့ပို့ပို့ဝင်ငွေရနေကြပါပြီ။ ကျွန်တော်တို့နဲ့ အိမ်နီးချင်းနိုင်ငံတွေထဲမှာဆိုရင် အိန္ဒိယဟာ ဆော့ဖ်ဝဲရေးသားတီထွင်မှုမှာ ထိပ်တန်းရောက်နေပြီး အိုင်တီပညာရှင်တွေဟာ မိမိနိုင်ငံအတွက် အဓိကနိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်သူများတောင် ဖြစ်လာကြပါပြီ။

ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ပြည်ပဆော့ဖ်ဝဲဟောက်စ်တချို့ကအပ်နှံတဲ့ အသုံးချဆော့ဖ်ဝဲတွေကို မော်ဂျူးအလိုက် လက်ခံရေးသားမှုတွေ ရှိနေပါပြီ။ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် တည်ဆောက်ဆဲကာလဖြစ်တဲ့အလျောက် အခြေခံအဆောက်အအုံ မပြည့်စုံမှု၊ အရည်အသွေးပြည့် နောလစ်ခ်ျလုပ်သား နည်းပါးနေမှုတွေကြောင့် လတ်တလောကာလမှာ ဒီလုပ်ငန်းဟာ မတွင်ကျယ်လှသေးပါဘူး။ ဒါပေမဲ့ မွေးရာပါဗီဇအရ ကြောင်းကျိုးဆက်စပ်တွေးခေါ်တတ်မှုစွမ်းရည်မှာ အိမ်နီးချင်းနိုင်ငံသားတွေထက် နည်းနည်းမှမလျော့တဲ့ မြန်မာတို့အဖို့ ဆော့ဖ်ဝဲတီထွင်ရေးသားမှုလုပ်ငန်းဟာ အနာဂတ်မှာ အဓိကပင်မ နိုင်ငံခြားဝင်ငွေရှာဖွေပေးတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာမှာသေချာပါတယ်။

ဒီနေရာမှာ သတိပြုစရာတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ သင်းဖွဲ့စိတ်ဓာတ်(team spirit) ရှိဖို့ပါပဲ။ ဆော့ဖ်ဝဲလုပ်ငန်းဟာ 'ကြောင်းကျိုးဆက်စပ်တွေးခေါ်မှုနဲ့ မိနစ်မခြား တရစပ်တိုးတက်ပြောင်းလဲနေတဲ့ အိုင်တီနည်းပညာ ဗဟုသုတကြွယ်ဝမှုတို့အပေါ်မှာ အဓိကအားထားကြရတာပါ။ ဒီလိုအရည်အသွေးတွေနဲ့ ပြည့်စုံဖို့ဆိုရင် တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်လို့မရပါဘူး။ တွေးခေါ်ကြံဆလို့ရထားတာတွေ၊ လေ့လာမှတ်သားထားတာတွေကို အပြန်အလှန်မျှဝေမှု (share) လုပ်ကြဖို့ အလွန်အရေးကြီးပါတယ်။ ဆော့ဖ်ဝဲဟောက်စ်တစ်ခုမှာ လူတစ်ယောက်စ၊ နှစ်ယောက်စက အရမ်းတော်နေရုံနဲ့ ဘယ်လိုမှမအောင်မြင်နိုင်ပါဘူး။ ပြည့်စုံပြီး အဆင့်မြင့်တဲ့ဆော့ဖ်ဝဲတွေ တီထွင်ရေးသားပေးနိုင်ဖို့ဆိုရင် စနစ်သရုပ်ခွဲသူ၊ ဒီဇိုင်းရေးဆွဲသူတို့ကအစ ပရိုဂရမ်မာတွေအလယ် အရည်အသွေးစစ်ဆေးထိန်းချုပ်ရေး (quality control) လုပ်သူများအဆုံး အားလုံးဟာ အရည်အသွေးပြည့်ဝနေဖို့လိုပါတယ်။ ဒီလို ပြည့်ဝဖို့အတွက် တစ်ဦးနဲ့တစ်ဦးအကြား ကိုယ်သိထား၊ တတ်ထားတာတွေကို အပြန်အလှန်ဖလှယ်တဲ့ အလေ့အထရှိဖို့ အလွန်အရေးကြီးပါတယ်။

မိမိတစ်ဦးတည်း တော်နေ၊ ချွန်နေ၊ တတ်နေရုံနဲ့ ဆော့ဖ်ဝဲကောင်းးတစ်ခု ထွက်ပေါ်မလာနိုင်ဘူး။ မိမိအပါအဝင် ဆော့ဖ်ဝဲဟောက်စ်တစ်ခုလုံး ထူးချွန်ထက်မြက်နေမှသာ ဆော့ဖ်ဝဲကောင်းတွေ တီထွင်ရေးသား ထုတ်လုပ်နိုင်မှာဖြစ်တယ်။ ဒါကြောင့် မိမိတတ်မြောက်ကျွမ်းကျင်သမျှကို မိမိနဲ့ လုပ်ဖော်ကိုင်ဖက်အားလုံးဆီ မထိန်မချန်ဘဲ ဝေမျှပေးသွားရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိနေကြဖို့ လိုပါတယ်။

တစ်ဖက်မှာလည်း ကိုယ်တိုင်တော့ အားစိုက်တွေးခေါ်ကြံဆမှု၊ လေ့လာဆည်းပူးမှုမလုပ်ဘဲ သူတစ်ပါးဆီကချည်း ရသမျှခူးပြီး၊ ခပ်ပြီးသားအသင့်ယူစားတတ်တဲ့ ဓလေ့စရိုက်မျိုးမရှိဖို့လည်း လိုပါတယ်။ သူများလေ့လာထားသမျှကိုသာ အဆင်သင့်ရယူတတ်တဲ့သူတွေချည်း များနေပြန်ရင်လည်း အဲဒီဆော့ဖ်ဝဲဟောက်စ်မှာ ဘယ်သူမှအပင်ပန်းခံ ကြံဆ၊ လေ့လာဆည်းပူးမှုတွေ လုပ်ကြတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီလုပ်ငန်းမှာ သင်းဖွဲ့စိတ်ဓာတ်ရှိကြဖို့ အလွန်အရေးကြီးပါတယ်။ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းကြိုးစားပြီး တတ်ထား၊ သိထားသမျှ ချိုထား၊ ဝှက်ထားတတ်သူတွေရော၊ ရေသာခိုအချောင်လိုက်တတ်သူတွေပါ မရှိပါမှ အောင်မြင်တဲ့ ဆော့ဖ်ဝဲဟောက်စ်တစ်ခုဖြစ်လာမှာပါ။

မကြာတော့တဲ့ အနာဂတ်ကာလတစ်ခုမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားလူငယ်တွေဆီကို ဆော့ဖ်ဝဲတီထွင်ရေးသား ထုတ်လုပ်ရေးလုပ်ငန်းဆိုတဲ့ 'အခွင့်အလမ်းကောင်း' တစ်ခု ရောက်လာတော့မှာပါ။ အဲဒီအခွင့်အလမ်းကောင်းကို မြန်မာလူငယ် နောလစ်ခ်ျလုပ်သားများအနေနဲ့ အမိအရဆုပ်ကိုင်နိုင်ဖို့အတွက် မရှိမဖြစ် လေ့ကျင့်ပျိုးထောင်ထားရမှာကတော့ 'သင်းဖွဲ့စိတ်ဓာတ်' သာလျှင်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဘ၀ပြိုင်ပွဲတိုင်း အောင်နိုင်သူ သင်ဖြစ်လိုလျှင်

ကျွန်ုပ်တို့အား သဘာဝက ပေးအပ်ထားသည့် အရှိတရားအတိုင်းကို ကျွန်ုပ်တို့ တကယ်တမ်း မြတ်နိုးပြီး တကယ်တမ်း လက်ခံပြီဆိုသည်နှင့် ဘ၀တွင် အစစအရာရာ အဆင်ပြေချောမွေ့လာသည်ကို တွေ့ရမည်။
လူဝီဟေး

YANGON(ရန်ကုန်)

YANGON(ရန်ကုန်)

Location
Yangon Division is located in the southernmost part of the central plain and borders Bago Division in the north and east, Gulf of Mottama in the south, and Ayeyawaddy Division in the west. Coco archipelago, which is part of Yangon Division, is situated in the Bay of Bengal. The total area of the division is 3,927.15 square miles.

Population
The estimated population of the division in 1999 was 5,420,000.

Inhabitants
Though the majority of the population is Bamar, various races live in the division. There are also many people of foreign descent, especially a large number of Chinese and Indians.

Religion
The majority of the inhabitants are Buddhists and there are a considerable number of Muslims and Christians.

Dialects
Myanmar is the major language.

How to get there?
Yangon International Airport and Mandalay International Airport are the main gateways and there are regular daily flights to Yangon from Bangkok and Singapore. The domestic airlines, Myanmar Airways, Yangon Airways and Air Mandalay regularly connect Yangon to Mandalay, Bagan, Heho, Kyaing Tong, Tachilek, Thandwe, Kawthaung and other tourist destinations. Passengers on charter flights and cruise ships are granted Visa on Arrival status providing prior arrangements have been made.

Tipitaka Sayardaws

About Tipitaka Sayardaws
Four different levels of titles are awarded to the successful Buddhist monks if they can recite 7,983 pages (16,000 pages) of the Buddhist Canon, or Tipitaka, and also pass the written examination.
Tipitaka Selection Examination is the most extensive, most difficult, profound and highest test known. No one passed any of the categories in 1948 when it was first held in Yangon. The aim of the examination was to promote the emergence of the outstanding personalities who can memorize and recite the whole of the Tipitaka - 7,983 pages or about 2.4 million words in Myanmar Pali. It is the longest examination in the world and the entire examination is spread over five years.
The first successful candidate was Venerable U Vicittasarabhivamsa, who became the first ever 'Bearer of Tipitaka' in Myanmar at the age of 42 and his achievement was recorded in the Guinness Book of Records. Since then, more and more outstanding monks have been awarded full titles for their fabulous memory and relentless effort.

Thursday, August 30, 2007

DYNEMIC POSITIVE SO - SO TERRIBLE

Aquarius Jan 20 - Feb 18
Try something new this week. Get outside and enjoy yourself for once. Your working life is looking good. Put some money aside for a proper holiday for you and your loved one.
Pisces Feb 19 - Mar 20
There are some great vibes around you this week, however, they will fall short of your expectations if you don’t work with them. The morning of the 25th is lucky for you.
Aries March 21 - April 19
Get in touch with your feelings this week and decide what is you really want and need out of your life right now. You may find that it is the exact opposite of what you think you want.
Taurus April 20 - May 20
This is an exciting week for you in terms of relationships with those at work and at home. There is potential here for some bonding that you have been meaning to do for quite some time.
Gemini May 21 - June 20
This could be a very happening sort of week if you want it to be. Social vibes are strong, conversations will be animated and highly expressive. There is no need to hold back on verbalising your feelings to people, just make sure they are not too negative.
Cancer June 22 - July 22
Despite a rough start to the week, this is actually a very positive time for you. If you have been holding back on expressing how you feel to people, this would be an excellent time to do it.
Leo July 23 - Aug 22
Get involved in group activities this week. It will be very beneficial to your health. This is a great week for partying, celebrations and socialising with friends and loved ones.
Virgo Aug 23 - Sept 22
Some big changes are taking place in your life right now. Take it one step at a time and don’t be afraid to ask the big questions. If money is a problem at the moment, don’t stress – you will come into money soon.
Libra Sept 23 - Oct 22
Don’t take too much on this week. Your health will deteriorate if you are stressed out as your immune system is still on the mend. Your ability to see the beauty in others is strong this week. You will make some lasting friendships.
Scorpio Oct 23 - Nov 21
You are craving some intellectual stimulation and you will get it this week. This is a great time to express how you are feeling to a loved one. They will completely understand where you are coming from.
Sagittarius Nov 22 - Dec 21
If you are single, a friend will try to match you up with somebody will seem entirely unsuitable for you. However, it turn serious if you decide to take it further.
Capricorn Dec 22 - Jan 19
Life might seem a bit up and down at the moment but it will smooth itself out eventually. Hang in there – things are looking up towards the end of the week. Look after your health.