Monday, September 22, 2008

မိတ်ဆွေ ငွေကို ဘယ်လို ထင်လဲ။ အရေးကြီးလား…..လူတွေအများစု ကတော့ ငွေနောက်လိုက် ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ငွေနဲ့ အရာတော်တော်များများကို ပြုလုပ်ဖန်တီး နိုင်ကြလို့ပါဘဲ။ ဟုတ်ပါတယ် ငွေက အရေးကြီးပါတယ်။ ဒါပေမယ့် ဆိုးကျိုးရော ကောင်းကျိုး ရော နှစ်မျိုး လုံး ရှိနိုင်ပါတယ် ။ ကျွန်တော် တရုတ်ပုံပြင် တစ်ပုဒ် ဖတ်ဖူးပါတယ်။ ငွေနဲ့ ပတ်သတ်တဲ့ ပုံပြင်ပါ….ပိုက်ဆံက လူကို စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှု ဖြစ်စေတဲ့အကြောင်းပါ။ မိတ်ဆွေ တို့ကို့ မျှဝေချင်ပါတယ်…မိတ်ဆွေတို့ရဲ့ အမြင်ကိုလည်း ပြောပြနိုင်ပါတယ်။….ဘာသာပြန်ထားတာဖြစ်လို့ ဖတ်ရတာအဆင်မပြေရင် ခွင့်လွှတ်ပါ။
Chen ကချမ်းသာ ကြွယ်ဝတဲ့ သူဖြစ်ပါတယ်..သူ့မှာ ပိုက်ဆံ အများကြီးရှိတယ်.. ဒါ့ကြောင့် ဒီပိုက်ဆံတွေနဲ့ သူရင်းနှီးမြှပ်နှံ အလုပ်တွေ လုပ်ရတာပေါ့… မနက် ကနေ ညအထိ သူ ပျော်ရွှင်မှု မခံစားရပါဘူး… သူ့မှာ အစာ စားဖို့ တောင် အချိန် နည်းနည်း ဘဲရပါတယ်… ညနက်သည့်တိုင်အောင် တစ်ခါမှ ညစာ မစားရပါဘူး။
ဒါ့ကြောင့် သူ့မိန်းမကို သနားမှုတွေ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေတာပေါ့……….. သူ့မိန်းမက ” ကိုယ့် ကိုယ်ကို ဂရုစိုက်ဦး..အလုပ်တွေချည်းဘဲ လုပ်မနေနဲ့ ” လို့အမြဲသတိပေးနေ ရတာပေါ့… Chen ကလည်း သဘောတူပါတယ်။ ဒါပေမယ့် သူ့အလုပ်တွေကို ဘယ်လိုရပ်ရမှန်း သူမသိပါဘူး…
သူ့အိမ်နီးချင်း Ti က တော့ဆင်းရဲတယ်..လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်မှ ထမင်းစားရရုံပါ. Ti က အလုပ်ကြိုးစားပါတယ်..အလုပ်ကပြန်လာရင် ရသမျှ ပိုက်ဆံအားလုံးကို မိန်းမကို ပေးပါတယ်.. ဘာမှ စိုးရိမ်ကြောင့်ကြမှု မရှိပါဘူး.. ပြီးတော့ သီချင်းဆို တယ်..ဒါက သူ့ရဲ့ တစ်ခုတည်းသော ပျော်စရာ ပါ. ဒါ့ကြောင့် ဒီအတွက်သူပိုက်ဆံ ကုန်စရာ မလိုပါဘူး။ Ti နဲ့ သူ့မိန်းမ ရဲ့ သီချင်းဆိုသံကို Chen ရဲ့အိမ်ကနေ ကြားရပါတယ်။ Chen ကအလုပ်တွေ ရှုပ်နေတာနဲ့ သတိမထားမိပါဘူး။ ဒါပေမယ့် သူ့မိန်းမကတော့ Ti တို့ မိသားစု ပျော်ပျော်ရွှင်ရွှင် သီးချင်းဆိုသံကို သတိထားမိပါတယ်။ နောက်ဆုံး Chen ညစာစားတဲ့ အထိ ကြားနေရတုန်းပါ။
Chen ရဲ့ မိန်းမကပြောပါတယ် ” နားထောင်ပါဦး.. Ti တို့ ကဆင်းရဲပေမယ့် သီချင်းဆိုပြီး ပျော်နေကြတယ်။ ငါတို့ က ချမ်းသာပြီး ဘယ်တော့မှ မပျော်ရဘူး ”
“ပိုက်ဆံ မရှိတဲ့ သူတွေမှာ အချိန်အများကြီး ရှိတယ်တဲ့ စကားပုံရှိတယ် မင်းမကြားဘူး ဘူးလား.. ဒါ့ကြောင့် သူတို့ ဆင်းရဲပေမယ့် ပျော်နိုင်ကြတာပေါ့.. သူတို့ သီချင်းမဆိုနိုင်အောင်လုပ်ဖို့ နည်းကလွယ်ပါတယ်.. ဒါက သူတို့ကို ပိုက်ဆံနည်းနည်း ပေးရုံပါဘဲ။ ” လို့ Chen က ပြောပါတယ်။
သူ့မိန်းမက ”ရှင်ဒီလို လုပ်ရင် သူတို့ ပျော်သွားမှာပေါ့ ” လို့ ဖြေလိုက်ပါတယ်။
Chen က ”ခဏစောင့်ပါဦး..မင်းသီချင်းဆိုသံဆက်ကြားရင် ငါမှားတယ်လို့ ၀န်ခံပါ့မယ်”
နောက်နေ့ မနက်မှာ Chen က Ti ကိုသူ့အိမ်လာဖို့ ဖိတ်ပါတယ်။ ပြီးတော့ ပိုက်ဆံအများကြီးပေးလိုက်ပါတယ်။ Ti ကဒီလောက်များတဲ့ ပိုက်ဆံကို တစ်ခါမှ အိမ်မက်တောင် မမက်ဘူးပါဘူး..ဒါ့ကြောင့် စကားအထစ်ထစ်ငေါ့ငေါ့နဲ့ ” ခင်ဗျား ရဲ့ ကြင်နာမှု အတွက် ကျေးဇူး အများကြီးတင်ပါတယ်ဗျာ ” လို့ ပြောပါတယ်။ ပြီးတော့ ပိုက်ဆံကို ယူပြီး အိမ်ကို ပြန် သူ့မိန်းမကို ဒီကိစ္စအကြောင်း ပြောပြပါတယ်။ စိတ်လှုပ်ရှားနေတာပေါ့။ အခု သူဘာအလုပ်မှ မလုပ်နိုင်တော့ပါဘူး။ ပိုက်ဆံကို ဘယ်လိုသုံးရ မလဲလို့ စိုးရိမ်ပူပန်နေပါပြီ ။ သူ မဆုံးဖြတ်နိုင်တော့ပါ။ အိမ်ပြန်လာတော့ ညစာအတွက်နောက်ကျနေပါပြီ ။ ထမင်းကို မြန်မြန်ဘဲ စားလိုက်ပါတယ်။ တကယ်တော့ သူ့မှာ သီချင်းဆိုဖို့လည်း အချိန်မရှိတော့ဘူး ။ ပိုက်ဆံ အကြောင်းစဉ်းစား ရင်းနဲ့ ညမှာ ကောင်းကောင်းအိပ်မပျော်ပါဘူး ။
Chen နဲ့ သူ့မိန်းမက Ti ဘာလုပ်လဲ လို့ ဂရုတစိုက်နားထောင်နေပါတယ်။ သူတို့ ဘာသီချင်းသံမှ မကြားရပါဘူး။ ”ငါမှန်တယ် မဟုတ်လား” လို့ Chen က သူ့မိန်းမကို မေးပါတယ်။ သူ့မိန်းမ က သူမှန်ကြောင်း ပြူံးပြီး ၀န်ခံပါတယ်။
Ti နှစ်ည တိုင်အောင် အိပ်မပျော်ပါဘူး။ တတိယနေ့ မနက်မှာ သူ့ရှေ့ မှာ နတ်မင်းကြီး တစ်ပါးပေါ်လာပါတယ် ။ နတ်မင်းက ” ငွေက လူကို စိုးရိမ်ပူပန်ကြောင့်ကြမှု ဖြစ်စေပါတယ်.. စဉ်းစားကြည့်ပါ။ ဒါနဲ့ ပတ်သတ်ပြီး နောက်ထပ် စိတ်အနှောက်အယှက် မဖြစ်ပါစေနဲ့ တော့” လို့ ပြောပါတယ်။
Ti နားလည်သွားပါပြီ။ ချက်ချင်းဘဲ အိပ်ရာ က ခုန်ထလိုက်ပါတယ် ပြီးတော့ မြန်မြန်ပိုက်ဆံတွေကို Chen ဆီကို ပြန်ပေးပါတယ်။
အခုမှဘဲ Ti စိတ်သက်သာရာ ရပါတော့တယ်။ အိမ်ကိုပြန်ပြီး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားပါတယ်။ နောက်နေ့ မှာ Ti ရဲ့ မိသားစု ဟာအရင်လို ပျော်ပျော် ရွှင်ရွှင် သီချင်း သံ တွေနဲ့ ပြန်ဖြစ်သွားပါတော့ တယ်။

Source: Money Makes Cares
( A Tale From China)
Translator: itphyogyi

Science Fiction Story တစ်ခုပါ။ သက္ကရာဇ် 2500 က လူတစ်ယောက်က ကမ္ဘာ့ခေါင်းဆောင်တွေကို ပြောတာပါ။ သူမက Time Machine က နေလာခဲ့တာ။ 2500 ခုနှစ်မှာ ကမ္ဘာ့သမိုင်းထဲက ဘယ်နှစ်ကိုမဆို ပြန်သွားနိုင်နေပြီလေ။
ကျွန်တော် သင်တို့ကို အရေးကြီးပြောစရာရှိလို့ ဒီနှစ်ကိုပြန်လာခဲ့တာပါ။ ဒီနှစ်တွေဟာ ကမ္ဘာကြီးကို ထိန်းသိမ်းနိုင်ဖို့ သင်တို့ရဲ့လူနေမှုဘ၀ကို ပြောင်းလဲဖို့ နောက်ဆုံး အခွင့်အရေးပါဘဲ။
ကျွန်တော် ရှင်းပြပါ့မယ်။ ၂၀ ရာစု အလယ်စောပိုင်းကာလ ကတည်းက လူတွေက ကမ္ဘာကြီးရဲ့ လေထု၊ရေထု ညစ်ညမ်းမှု တွေနဲ့ပတ်သတ်ပြီး စို့းရိမ်ပှုပန်ခဲ့ပါတယ်။ သူတို့ ညစ်ညမ်းမှုရဲ့ အန္တရာယ်ကို ပြောခဲ့ပါတယ်။ ဒါပေမယ့် လူတော်တော် များများက သူတို့ရဲ့ လူနေမှုနည်းလမ်းတွေကို မပြောင်းလဲခဲ့ကြပါဘူး။ အဲဒီအစား သူတို့အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ နဲ့ အညစ်အကြေးတွေကို ရေကန်၊သမုဒ္ဒရာတွေထဲ ဆက်လက် စွန့်ပစ်ခဲ့ပါတယ်။ သစ်ပင်၊သစ်တောတွေကိုလည်း ခုတ်လှဲ၊ဖြတ်ဆီးခဲ့ကြတယ်။ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ ကားတွေကိုလည်း ပိုမိုပြီးမောင်းနှင်ခဲ့ကြတယ်။
သက္ကရာစ် 2200 မှာ ကမ္ဘာ့ရေထုက လုံးဝညစ်ညမ်းသွားပါပြီ။ လူတွေ ရေကို မသောက်နိုင်ကြတော့ပါဘူး။ ဒါ့ကြောင့် သူတို့ အခြားအရည်အမျိုးအစားတွေကို သုံးခဲ့ကြရတယ်။ ဒါက ပြောင်းလဲမှုကိုတော့ အားပေးပါတယ်။ မလုံလောက်ပါဘူး။ ပညာရှင်တွေက လေထု၊ရေထု ဆက်လက်ပိုမိုပြီး ညစ်ညမ်းမှာကို စိုးရိမ်နေပါတယ်။ အနာဂတ်မှာ လူအများကြီး ကမ္ဘာပေါ်မှာ နေဖို့ မသေချာဘူး လို့ပြောပါတယ်။
ဒီလိုနဲ့ သက္ကရာဇ် 2300 ရောက်လာပါပြီ။ အစားအစာပြတ်လပ်နေတဲ့ လူတွေ အများကြီးပါဘဲ။ အစားအစာအတွက် စိုက်ဖို့ ရေမရှိဘူး။ ရေအိုင်တွေ၊သမုဒ္ဒရာတွေထဲမှာလည်း ရေထု ညစ်ညမ်းနေလို့ ငါးတွေလည်းအသက်မရှင်နိုင်တော့ဘူး။ ချမ်းသာတဲ့သူ နဲ့ ဆင်းရဲတဲ့သူတွေ ကြားထဲမှာလည်း ဆိုးရွားလှတဲ့ စစ်ကြီးဖြစ်နေပါပြီ။ လူတွေ နေထိုင် ဖို့အတွက် အခြားနေရာတွေကိုလည်း စဉ်းစားလာပါပြီ။ ပညာရှင်တွေကတော့ လူနေနိုင်တဲ့ အာကာသထဲက အခြားဂြိုလ်တွေကို ကြိုးစားရှာဖွေနေပါတယ်။
သက္ကရာဇ် 2400 ရောက်တော့ လေထုက ရှုရှိုက်ဖို့ တော်တော်ညစ်ညမ်းသွားပါတယ်။ ဒါ့ကြောင့် လူတွေကမ္ကာက ထွက်ခွာရပါတော့မယ်။ ချမ်းသာတဲ့လူနည်းနည်းဘဲ ထွက်နိုင်ကြပါတယ်။ လူတွေဘယ်သွားကြ မှာလည်း? ဘယ်နေရာဖြစ်ဖြစ် နေရာမရှိပါဘူး။ ဘာ့ကြောင့်လည်းဆိုတာ သင်တို့သိပါတယ်။ ပညာရှင်တွေ လုံခြုံတဲ့ အခြားဂြိုလ်ကို မရှာနိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် အခု ငါတို့ စကြာဝဠာထဲ မှာ အာကာသယာဉ်တွေနဲ့ သွားနေကြရပါတယ်။ ကျွန်တော်အတွက် အိမ်လို့ ခေါ်နိုင်မယ့် နေရာကို ရှာနေကြရဆဲပါဘဲ။
ဒါ့ကြောင့် သင်တို့ရဲ့ သမိုင်းကို အခုကတည်းကပြောင်းလဲကြပါ။ အခု မျော်လင့်ချက်တွေ ရှိပါသေးတယ်။ နောက်မကျခင် သင်တို့ရဲ့ လူနေမှုဘ၀တွေကို ပြောင်းလဲကြပါစို့။…………………………………………..
Source: Last Chance (Science Fiction Stories)
Translator: itphyogyi

နိုင်ငံတော်တော်များများမှာ လူအများစုကားစီးနိုင်ကြပါတယ်။ ဒါဟာ ဆိုးရွားလှတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ နဲ့ လေထုညစ်ညမ်းမှုတွေ ဖြစ်စေတယ်ဆိုတာ ညွှန်ပြနေတာပါ။
Seoul, Taipei, Tokyo တို့လို အာရှနိုင်ငံကြီးတွေမှာ ကားတွေ၊ ဘတ်(စ်)ကား တွေလမ်းပေါ်မှာ အများကြီးရှိပါတယ်။ ဒါတွေက ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်စေပါတယ်။
စင်ကာပူနိုင်ငံ က ခြွင်းချက်ပါ။ ယာဉ်ကြောပိတ်ဆို့မှု လုံးဝ မရှိပါဘူး။ လေထု ညစ်ညမ်းမှုလည်း ကင်းရှင်းပါတယ်။ မြို့ထဲက လေဆိပ်ထိ 15 မိနစ် ဘဲကြာပါတယ်။ ဒီလိုအခြေအနေတွေက သူ့ဘာသာ ဖြစ်လာတာမဟုတ်ပါဘူး။ လေထုညစ်ညမ်းမှု နဲ့ ယာဉ်ကြောပိတ်ဆို့မှု ကို တိုက်ထုတ်တဲ့ Government Program ကြောင့်ပါ။ Government လုပ်ထားတာက ရှင်းရှင်းလေးပါ။ Singapore မှာ ကားပိုင်ဆိုင်ဖို့၊ ကားမောင်းဖို့ ဈေးကြီးအောင် လုပ်ထားတာပါဘဲ။ ကားဝယ်မယ်ဆိုရင် permit လိုပါတယ်။ 10-year permit ဆိုရင် US ဒေါ်လာ 75,000 ပေးရပါမယ်။ ပြီးတော့ အခွန်တွေ၊ ကျန်တာဘာညာတွေ ထပ်ပေါင်းမယ်ဆိုရင် US ဒေါ်လာ 250 000 ကျော်ပါလိမ့်မယ်။ ဒရိုင်ဘာတွေက မြို့ထဲကားမောင်းမယ်ဆိုရင် ပိုက်ဆံပေးရဦးမှာပါ။ Gasoline အတွက် tax ကလည်းဈေးကြီးပါတယ်။ ဒီလိုနည်းလမ်းကို အခြားဘယ်မှာမှ အလုပ်မဖြစ်သေးပါဘူး။
သင့်ရဲ့မြို့မှာရော ဘယ်လိုလဲ? စဉ်းစားကြည့်ပါဦး။ လူဘယ်နှစ်ယောက်လောက် ကားပိုင်သလဲ? အလုပ်အတွက်သုံးတာလား.. ပျော်ရွှင်မှုအတွက်သုံးတာလား… အခြားဘယ်ကိစ္စတွေမှာ သုံးနေကြသလဲ? တကယ်လို့ ကားပိုင်ဖို့ ၊မောင်းဖို့ ဈေးကြီးမယ်ဆိုရင် သူတို့ဘယ်လိုဖြစ်မလဲ?
ဒီနေရာ problem ရှိနိုင်ပါတယ်။ လူထုသယ်ယူပို့ဆောင်ရေးစနစ်ပါ။ buses , trains တွေက ကိုယ်ပိုင်ကားအသုံးပြုတဲ့ သူတွေအပေါ် ဘယ်လောက် ချုပ်ကိုင်ထားနိုင်သလဲ? လူတိုင်းအပေါ်မှာရော အဆင်ပြေမှုရှိရဲ့လား?
ရှင်းပါတယ်..ကမ္ဘာ့မြို့ကြီးတွေက လူတွေရဲ့ lifestyles ကို ပြောင်းလဲဖို့ တစ်ခုခုလုပ်ရပါမယ်။ကားတွေကထွက်တဲ့ ညစ်ညမ်းမှုတွေ ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိခိုက်တာ တော်တော်လေး ဆိုးဆိုးလာပါပြီ။ ဖြစ်နိုင်တာ တစ်ခုကတော့ Singapore မှာ မှန်ကန်တဲ့ အဖြေရှိတယ် ဆိုတာပါဘဲ။

Source: Traffic Jam
Translator: itphyogyi

1 comment:

ajay said...



Colors School of Interior Design providingInterior Designing Courses in Chennai with International standard. We are the most reputed Interior Design School in India.