Tuesday, September 23, 2008

10 နှစ် ကြာသော် အီလက်ထရွန်နစ် သတင်းစာကို ဖတ်ကြရတော့မည်။

သင်နေ့စဉ် အလုပ်ခွင်သို့သွားရသည့် နံနက်ခင်းတိုင်း လမ်းတွင် သတင်းစာဝယ်ယူနေရသည်မှာ အလုပ်ပိုတစ်ခုပင် ဖြစ်သည်။ ထိုကိစ္စကို မေ့ထားလိုက်ပါ။ အီလက်ထရွန်နစ် သတင်းစာကိုသာဝယ်လိုက်စမ်းပါ။ နည်းပညာတိုးတက်လာမှုအရ ထိုပစ္စည်းသည် ခပ်ပါးပါး မဂ္ဂဇင်းတစ်စောင်၏အရွယ်အစားနှင့် ထိုမဂ္ဂဇင်း၏ အလေးချိန်ခန့်သာ ရှိပါလိမ့်မည်။ ထိုပစ္စည်း၏ မျက်နှာပြင်ကလည်း ပြောင်းလွယ် ပြင်လွယ်ရှိမည်ဖြစ်သည်။ ထိုပစ္စည်းကို
အသုံးပြု၍ သင်၏လမ်းခရီးတွင် နေ့စဉ်သတင်းစာကို ဖတ်ရှုသွား နိုင်ပါလိမ့်မည်။ E-Ink ဟု အမည်ပေးထားသော ကုမ္ပဏီက မျက်နှာပြင် မာကျောသော E-Bookု အမျိုးအစားတစ်ခုကို ထုတ်လုပ်ထားပြီး ဖြစ်သည်။ E-Inkု သည် စာမျက်နှာကို လှန်ရသည့်အခါ၌သာ ပါဝါကို အသုံးပြုရမည်ဖြစ်သည်။ ဖတ်ရှုရာတွင်အလွန်လွယ်ကူသည်။ တိုက်ရိုက်နေထိုးနေသော နေရောင်ခြည်ထဲမှာပင် ဖတ်ရှု၍ရပါသည်။ နောက်တစ်ဆင့်မှာ အဆိုပါ E သတင်းစာကိုရိုးရိုးသတင်းစာကဲ့သို့ ခေါက်ပြီး တကယ့် သတင်းစာတစ်စောင်ကဲ့သို့ ဘောင်းဘီ၊ နောက်ဘက်အိတ်ထဲ၌ ထည့်ယူသွားနိုင်သော နည်းပညာအဆင့်သို့ ရောက်ရှိလာရေးပင် ဖြစ်တော့သည်။
Source: Science And Technology Journal (Sept: , 2006)

အောင်သွယ်တော် လက်ကိုင်ဖုန်းကို အသုံးပြုရပေတော့မည်………..
သင်က အမျိုးသမီးတစ်ယောက်ကို စိတ်ညွှတ်နေသည်။ သို့ရာတွင် သူ့သဘောထားကို ခန့်မှန်းရခက်နေပြန်သည်။ ဖွင့်ပြောမိကာမှ တုံးတိကြီး ငြင်းလိုက်တာမျိုးကိုလည်း မလိုချင်။ ထိုအခြေအနေမျိုးတွင် သင် ဘာလုပ်ရမည်နည်း။ မက်ဆာချူးဆက် အင်စတီကျုစ် အော့ဖ် တက်ကနိုလိုဂျီ အတိုကောက် MIT ၏ Media Lab မှ Anmol Madan တီထွင်ထားသော လက်ကိုင်ဖုန်းက အကူအညီပေးနိုင်မည်ဖြစ်သည်။ Madan က Algorithms ကို အသုံးပြု၍ စကားပြောသော အသံမှ စကားပြောဆိုနေသူသည် တက်ကြွနေသူလား၊ စိတ်ဖိစီးမှုကို ခံနေရသူလား၊ သို့တည်းမဟုတ် စာနာထောက်ထားသူဖြစ်သလားဆိုသည့် အချက်များကို ခွဲခြမ်း စိတ်ဖြာပေးသည့် ဆော့ဖ်ဝဲကို တီထွင်နေခြင်းဖြစ်သည်။ အပြောအဆိုညက်သူက မိမိဘက်ကို ပါမည့်သူဖြစ်မည်။ ခပ်ကြမ်းကြမ်း၊ ခပ်ရိုင်းရိုင်းပြောဆိုနေသူက မိမိနှင့် အစေးကပ်မည့်သူမဟုတ်ဟု ခန့်မှန်း၍ ရနိုင်သည်။ ထိုလက်ကိုင်ဖုန်းကိုအမျိုးသားနှင့် အမျိုးသမီး ခပ်မြန်မြန်ချိန်း၍ တွဲသောကိစ္စများ၌ အသုံးပြုကြည့်ခဲ့ရာ အသုံးပြုသူအားလုံး၏ အားပါးတရ ချီးမွမ်းမှုကို ခံခဲ့ရသည်။ ယခု Madan က အောင်သွယ်ပေးမည့် သို့မဟုတ်အကြံညဏ်ပေးမည့် အဆိုပါ လက်ကိုင်ဖုန်းအမျိုးအစားကို မကြာမီ ဈေးကွက်တွင် တင်၍ ရောင်းချတော့မည်ဟုဆိုပါသည်။
Source : Science And Technology Journal (Sept: , 2006)



သမ်းခြင်းက ကူးစက်တတ်တာ အမှန်ပါပဲ။ တစ်ယောက်ယောက် သမ်းနေတာ တွေ့လိုက်တာနဲ့ သမ်းချင်လာတတ်တယ်။လူတွေက အိပ်ရာအထမှာ သမ်းတတ်ကြသလို အိပ်ရာဝင်ခါနီးရင်လည်း သမ်းတတ်ကြတယ်။တချို့ဆိုရင် ရုပ်မြင်သံကြားကိုကြည့်ရင်း သမ်းတာမျိုးကို တွေ့ရမှာ ဖြစ်သလို စာကျက်နေတဲ့သူတွေလည်း သမ်းတာကို တွေ့ရမှာပါ။ တချို့ဆိုရင် သွက်သွက်လေး လမ်းလျောက်နေတဲ့ ကြားက သမ်းကြတယ်။ တကယ်တော့ လူတွေသာသမ်းတတ်ကြတာ မဟုတ်ပါ။တိရစ္ဆာန်တွေလည်း သမ်းတတ်ကြပါတယ်။ ခြင်္သေ့များမှအစငါးများအထိ မေးကြောကြီးများကို ဟကာ သမ်းဝေကြတယ်။လူတွေရဲ့ သမ်းဝေမှုက ပင်ပန်းနွမ်းနယ်တဲ့အခါ၊ ငြီးငွေ့စရာကောင်းလာတဲ့အခါမျိုးတွေမှာများသောအားဖြင့် ဖြစ်တတ်ကြတာပါ။ ခြင်္သေ့တို့၊ မျောက်တို့ဆိုတဲ့ သတ္တ၀ါတချို့ကတော့ ဆာလောင် မွတ်သိပ်တဲ့အခါ သမ်းလေ့ရှိတယ်။ ငါးအထီး အထီးချင်း တွေ့တဲ့အခါ တိုက်ခိုက်ဖို့အတွက် သမ်းကြတယ်။သမ်းတယ်ဆိုတာ အောက်ဆီဂျင်ဓာတ်ကို အပိုစုပ်ယူတဲ့သဘောပဲဖြစ်တယ်လို့ သိပ္ပံပညာရှင်များက ဆိုကြပေမယ့် Provine ဆိုတဲ့ စိတ္တဗေဒပညာရှင်တစ်ဦးကတော့ အဲဒီအဖြေကိုလက်မခံခဲ့ပေ။ ဒါပေမယ့် အဖြေမှန်ကိုလည်း တိတိကျကျဖော်ထုတ် မပေးနိုင်ခဲ့ပါပေ။ ဘာကြောင့်သမ်းတယ်၊ ဘယ်လိုကြောင့်သမ်းတာကူးစက်တယ်ဆိုတာကို အဖြေရှာဖို့ ကြိုးစားကြည့်ခဲ့တယ်။ မေရီလန်းတက္ကသိုလ်မှာ Provine က လက်တွေ့စမ်းသပ်ကြည့်ခဲ့တဲ့အခါ လူတစ်ယောက်က တစ်ကြိမ်သမ်းရင် ၆ စက္ကန့်လောက်ကြာတယ်လို့ပြောတယ်။ အပြင်းအထန် သမ်းချင်လာပြီဆိုရင်လည်း နာရီဝက်အတွင်း ၇၆ကြိမ်လောက်အထိ တောင်သမ်းဝေတဲ့အခါမျိုးကို တွေ့ခဲ့ရတယ်။ နောက်တစ်မျိုး စမ်းသပ်ကြည့်တာကတော့ Provine က ၎င်းကိုယ်တိုင် သမ်းတာတွေ၊ ပြုံးတာတွေကို ဗီဒီယိုနဲ့ ရိုက်ယူပြီးလ အခြားသူတွေကို ပြကြည့်တဲ့အခါ Provine ပြုံးတာကို တွေ့ရပြီးပြန်ပြုံးဖြစ်တာ ငါးဦးတစ်ဦးလောက်ရှိပြီး Provine သမ်းတာကို ၁၀ ဦးတွေ့ရင် ငါးဦးလည်းသမ်းတာမျိုးတွေ့ရတယ်လို့ ဆိုတယ်။ ဖော်ရွေမှုထက် ကူးစက်မှုက ပိုတဲ့ သဘောကို စိတ္တဗေဒပညာရှင်တစ်ဦးအနေနဲ့ သက်သေပြခဲ့တာပါ။ သမ်းဝေတဲ့ အခါတိုင်း ခေါင်းကိုနောက်သို့ အနည်းငယ်လှန်လိုက်ကာ မေးကြောကြီးအောက်ကိုချလိုက်ပြီး မျက်စိက ချောင်းကြည့်တဲ့ပုံစံမျိုး မှေးသွားတတ်ကြတယ်။ အဲလို ပုံစံမျိုး ဖြစ်အောင် ဦးနှောက်က ပရိုဂရမ် လုပ်ပေးထားတဲ့ သဘောဖြစ်တယ်။ လူသားတွေက ရှေးဦးခေတ်မှာ အုပ်စုလိုက် နေတတ်ကြတယ်။ တစ်ယောက်လုပ်တဲ့နည်းကို တစ်ယောက် လိုက်တုတတ်တဲ့သဘာဝမျိုး ရှိတယ်။ အဲဒီကတည်းကစပြီး တစ်ယောက်ကသမ်းတာကိုမြင်ရင် နောက်တစ်ယောက် လိုက်သမ်းချင်တဲ့ အခြေခံမျိုးတွေ ရှိလာတာလို့ Provine က အဆုံးသတ် ပြောကြားခဲ့တယ်။
[ Reference : How Come ]
Source : Science And Technology ( Oct: , 2006)

သံလိုက်ကို ရှာဖွေတွေ့ရှိပုံ
သိုးကျောင်းသမားလေးသည် သူ၏ သိုးများကို ထိန်းကျောင်းနေခိုက်တွင် သူကိုင်တွယ်နေသော သံချောင်းတံသည် ကျောက်တုံး တစ်တုံးကို ထောက်မိခဲ့သည်။ ၎င်းကျောက်တုံးသည် သံလိုက်ရိုင်းများဖြင့် ပြည့်ဝင်နေသည့် ကျောက်တုံးဖြစ်၍ သိုးကျောင်း သမားလေး၏ လက်ကိုင်တံနှင့် ကပ်ညိနေသည်ကို အံ့သြဖွယ် တွေ့ရှိခဲ့သည်။ သို့သော် အဆိုပါ ကျောက်တုံးမျိုးကို မည်ကဲ့သို့ အသုံးပြုရမည်ကို မသိကြသေးပါ။ အေဒီ ၁၂၀၀ ပြည့်နှစ်များတွင် ဥရောပတိုက်သားတို့က ၎င်းကျောက်တုံးများကို လွတ်လပ်စွာ ချိတ်ဆွဲထားလျှင် ကမ္ဘာ့မြောက်ဘက်နှင့် တောင်ဘက်အရပ်များသို့ ညွှန်ပြနေသည်ကို သိရှိခဲ့ရပါသည်။ ၎င်းကို လမ်းပြကျောက်တုံးဟုပင် ခေါ်ခဲ့ကြပါသည်။ ထိုစဉ်က ရေကြောင်းခရီးသွားလာရေးများတွင် များစွာအထောက်အကူ ဖြစ်စေခဲ့သည်။၎င်းတို့၏ ကွန်ပတ် ခေါ် လမ်းပြအိမ်မြှောင်ကိရိယာများတွင် ထည့်သွင်း အသုံးပြုခဲ့ကြပါသည်။ အဆိုပါ လမ်းပြ အိမ်မြှောင် ကိရိယာကို ပြင်သစ်လူမျိုး Petrus
Peregrinus က စတင် တီထွင်ခဲ့သည်။ သံလိုက်ဓာတ်နှင့် လျပ်စစ်တို့ ဆက်စပ်မှုရှိကြောင်းကို ၁၈၂၀ ပြည့်နှစ်တွင် ပြင်သစ်လူမျိုး ရူပဗေဒ ပညာရှင် Andre Marie
Empere က ဖော်ထုတ်ခဲ့ပါသည်။
Source:
ှDiscoveries magazine
Published by Dreamland
Publications.

အင်တာနက် စွဲနေသူများ
အမေရိကန်မှာ အရွယ်ရောက်ပြီးသူ ရှစ်ယောက်မှာ တစ်ယောက်က အင်တာနက်ကနေ ရက်ပေါင်းများစွာ ဝေးကွာနေဖို့ မတတ်နိုင်တဲ့အကြောင်း၊ ဆယ့်တစ်ယောက်မှာ တစ်ယောက်က ဒီအကျင့်ကိုဖုံးကွယ်ဖို့ ကြိုးစားကြကြောင်း လေ့လာမှုတစ်ရပ်က ဆိုထားပါတယ်။ ဆာဗေး ပြုလုပ်မှုမှာ တွေ့ရှိရတာက တုံ့ပြန်သူတွေရဲ့ ၆၈ ဒသမ ၉ ရာခိုင်နှုန်းက ပုံမှန်အင်တာနက် အသုံးပြုသူတွေဖြစ်ပြီး ၁၃ ဒသမ ၇ ရာခိုင်နှုန်းက ရက်များစွာ offline နေဖို့ ခက်ခဲ ကြောင်း ဆိုပါတယ်။ ၁၃ ဒသမ ၄ ရာခိုင်နှုန်းက အွန်လိုင်းပေါ် ရည်ရွယ်ထားတာထက် ပိုနေဖြစ်ပြီး ၁၂ ရာခိုင်နှုန်းက သူတို့ရဲ့အင်တာနက်သုံးစွဲချိန် လျော့ချသင့်ကြောင်း မြင်တယ်လို့ဆိုတယ်။ ၈ ဒသမ ၇ ရာခိုင်နှုန်းကတော့ အရေးမပါလှတဲ့ အင်တာနက် အသုံးပြုမှုကို မိသားစု၊ သူငယ်ချင်း၊ အလုပ်ရှင်တွေမသိအောင် ဖုံးကွယ်ဖို့ ကြိုးစားကြပါတယ်။ ဒီရလဒ်တွေက လူတွေဟာ ဆေးခန်းပြရလောက်အောင် ရောဂါကျွမ်းနေတာလို့တော့ ပြသနေခြင်းမဟုတ်ကြောင်း ဆိုပါတယ်။ ဒါကို ဆုံးဖြတ်ဖို့ ဆိုရင်နောက်ထပ်သုတေသနတွေ ပြုလုပ်ဖို့ လိုပါဦးမယ်။ အင်တာနက်နဲ့ ကွန်ပျူတာ အသုံးပြုမှုကနေ pornography ညစ်ညမ်း ၀က်ဘ်ဆိုက်တွေ ၀င်တာ၊ ဗီဒီယိုဂိမ်းကစားတာမျိုးဖြင့် စွဲလမ်းစေတတ်တဲ့အရာဖြစ်ကြောင်း တင်ပြချက်များစွာ ထွက်လာပြီးနောက် လေ့လာမှုကို လုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သုံးစွဲသူရဲ့ ၅ မှ ၁၀ ရာခိုင်နှုန်း ဟာ အင်တာနက် စွဲလမ်းမှုပြဿနာ ကြုံတွေ့နေနိုင်တယ်လို့ လေ့လာမှုကဆိုပါတယ်။
Source : Internet Journal ( NOV: , 2006)

Monday, September 22, 2008

မိတ်ဆွေ ငွေကို ဘယ်လို ထင်လဲ။ အရေးကြီးလား…..လူတွေအများစု ကတော့ ငွေနောက်လိုက် ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ငွေနဲ့ အရာတော်တော်များများကို ပြုလုပ်ဖန်တီး နိုင်ကြလို့ပါဘဲ။ ဟုတ်ပါတယ် ငွေက အရေးကြီးပါတယ်။ ဒါပေမယ့် ဆိုးကျိုးရော ကောင်းကျိုး ရော နှစ်မျိုး လုံး ရှိနိုင်ပါတယ် ။ ကျွန်တော် တရုတ်ပုံပြင် တစ်ပုဒ် ဖတ်ဖူးပါတယ်။ ငွေနဲ့ ပတ်သတ်တဲ့ ပုံပြင်ပါ….ပိုက်ဆံက လူကို စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှု ဖြစ်စေတဲ့အကြောင်းပါ။ မိတ်ဆွေ တို့ကို့ မျှဝေချင်ပါတယ်…မိတ်ဆွေတို့ရဲ့ အမြင်ကိုလည်း ပြောပြနိုင်ပါတယ်။….ဘာသာပြန်ထားတာဖြစ်လို့ ဖတ်ရတာအဆင်မပြေရင် ခွင့်လွှတ်ပါ။
Chen ကချမ်းသာ ကြွယ်ဝတဲ့ သူဖြစ်ပါတယ်..သူ့မှာ ပိုက်ဆံ အများကြီးရှိတယ်.. ဒါ့ကြောင့် ဒီပိုက်ဆံတွေနဲ့ သူရင်းနှီးမြှပ်နှံ အလုပ်တွေ လုပ်ရတာပေါ့… မနက် ကနေ ညအထိ သူ ပျော်ရွှင်မှု မခံစားရပါဘူး… သူ့မှာ အစာ စားဖို့ တောင် အချိန် နည်းနည်း ဘဲရပါတယ်… ညနက်သည့်တိုင်အောင် တစ်ခါမှ ညစာ မစားရပါဘူး။
ဒါ့ကြောင့် သူ့မိန်းမကို သနားမှုတွေ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေတာပေါ့……….. သူ့မိန်းမက ” ကိုယ့် ကိုယ်ကို ဂရုစိုက်ဦး..အလုပ်တွေချည်းဘဲ လုပ်မနေနဲ့ ” လို့အမြဲသတိပေးနေ ရတာပေါ့… Chen ကလည်း သဘောတူပါတယ်။ ဒါပေမယ့် သူ့အလုပ်တွေကို ဘယ်လိုရပ်ရမှန်း သူမသိပါဘူး…
သူ့အိမ်နီးချင်း Ti က တော့ဆင်းရဲတယ်..လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်မှ ထမင်းစားရရုံပါ. Ti က အလုပ်ကြိုးစားပါတယ်..အလုပ်ကပြန်လာရင် ရသမျှ ပိုက်ဆံအားလုံးကို မိန်းမကို ပေးပါတယ်.. ဘာမှ စိုးရိမ်ကြောင့်ကြမှု မရှိပါဘူး.. ပြီးတော့ သီချင်းဆို တယ်..ဒါက သူ့ရဲ့ တစ်ခုတည်းသော ပျော်စရာ ပါ. ဒါ့ကြောင့် ဒီအတွက်သူပိုက်ဆံ ကုန်စရာ မလိုပါဘူး။ Ti နဲ့ သူ့မိန်းမ ရဲ့ သီချင်းဆိုသံကို Chen ရဲ့အိမ်ကနေ ကြားရပါတယ်။ Chen ကအလုပ်တွေ ရှုပ်နေတာနဲ့ သတိမထားမိပါဘူး။ ဒါပေမယ့် သူ့မိန်းမကတော့ Ti တို့ မိသားစု ပျော်ပျော်ရွှင်ရွှင် သီးချင်းဆိုသံကို သတိထားမိပါတယ်။ နောက်ဆုံး Chen ညစာစားတဲ့ အထိ ကြားနေရတုန်းပါ။
Chen ရဲ့ မိန်းမကပြောပါတယ် ” နားထောင်ပါဦး.. Ti တို့ ကဆင်းရဲပေမယ့် သီချင်းဆိုပြီး ပျော်နေကြတယ်။ ငါတို့ က ချမ်းသာပြီး ဘယ်တော့မှ မပျော်ရဘူး ”
“ပိုက်ဆံ မရှိတဲ့ သူတွေမှာ အချိန်အများကြီး ရှိတယ်တဲ့ စကားပုံရှိတယ် မင်းမကြားဘူး ဘူးလား.. ဒါ့ကြောင့် သူတို့ ဆင်းရဲပေမယ့် ပျော်နိုင်ကြတာပေါ့.. သူတို့ သီချင်းမဆိုနိုင်အောင်လုပ်ဖို့ နည်းကလွယ်ပါတယ်.. ဒါက သူတို့ကို ပိုက်ဆံနည်းနည်း ပေးရုံပါဘဲ။ ” လို့ Chen က ပြောပါတယ်။
သူ့မိန်းမက ”ရှင်ဒီလို လုပ်ရင် သူတို့ ပျော်သွားမှာပေါ့ ” လို့ ဖြေလိုက်ပါတယ်။
Chen က ”ခဏစောင့်ပါဦး..မင်းသီချင်းဆိုသံဆက်ကြားရင် ငါမှားတယ်လို့ ၀န်ခံပါ့မယ်”
နောက်နေ့ မနက်မှာ Chen က Ti ကိုသူ့အိမ်လာဖို့ ဖိတ်ပါတယ်။ ပြီးတော့ ပိုက်ဆံအများကြီးပေးလိုက်ပါတယ်။ Ti ကဒီလောက်များတဲ့ ပိုက်ဆံကို တစ်ခါမှ အိမ်မက်တောင် မမက်ဘူးပါဘူး..ဒါ့ကြောင့် စကားအထစ်ထစ်ငေါ့ငေါ့နဲ့ ” ခင်ဗျား ရဲ့ ကြင်နာမှု အတွက် ကျေးဇူး အများကြီးတင်ပါတယ်ဗျာ ” လို့ ပြောပါတယ်။ ပြီးတော့ ပိုက်ဆံကို ယူပြီး အိမ်ကို ပြန် သူ့မိန်းမကို ဒီကိစ္စအကြောင်း ပြောပြပါတယ်။ စိတ်လှုပ်ရှားနေတာပေါ့။ အခု သူဘာအလုပ်မှ မလုပ်နိုင်တော့ပါဘူး။ ပိုက်ဆံကို ဘယ်လိုသုံးရ မလဲလို့ စိုးရိမ်ပူပန်နေပါပြီ ။ သူ မဆုံးဖြတ်နိုင်တော့ပါ။ အိမ်ပြန်လာတော့ ညစာအတွက်နောက်ကျနေပါပြီ ။ ထမင်းကို မြန်မြန်ဘဲ စားလိုက်ပါတယ်။ တကယ်တော့ သူ့မှာ သီချင်းဆိုဖို့လည်း အချိန်မရှိတော့ဘူး ။ ပိုက်ဆံ အကြောင်းစဉ်းစား ရင်းနဲ့ ညမှာ ကောင်းကောင်းအိပ်မပျော်ပါဘူး ။
Chen နဲ့ သူ့မိန်းမက Ti ဘာလုပ်လဲ လို့ ဂရုတစိုက်နားထောင်နေပါတယ်။ သူတို့ ဘာသီချင်းသံမှ မကြားရပါဘူး။ ”ငါမှန်တယ် မဟုတ်လား” လို့ Chen က သူ့မိန်းမကို မေးပါတယ်။ သူ့မိန်းမ က သူမှန်ကြောင်း ပြူံးပြီး ၀န်ခံပါတယ်။
Ti နှစ်ည တိုင်အောင် အိပ်မပျော်ပါဘူး။ တတိယနေ့ မနက်မှာ သူ့ရှေ့ မှာ နတ်မင်းကြီး တစ်ပါးပေါ်လာပါတယ် ။ နတ်မင်းက ” ငွေက လူကို စိုးရိမ်ပူပန်ကြောင့်ကြမှု ဖြစ်စေပါတယ်.. စဉ်းစားကြည့်ပါ။ ဒါနဲ့ ပတ်သတ်ပြီး နောက်ထပ် စိတ်အနှောက်အယှက် မဖြစ်ပါစေနဲ့ တော့” လို့ ပြောပါတယ်။
Ti နားလည်သွားပါပြီ။ ချက်ချင်းဘဲ အိပ်ရာ က ခုန်ထလိုက်ပါတယ် ပြီးတော့ မြန်မြန်ပိုက်ဆံတွေကို Chen ဆီကို ပြန်ပေးပါတယ်။
အခုမှဘဲ Ti စိတ်သက်သာရာ ရပါတော့တယ်။ အိမ်ကိုပြန်ပြီး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားပါတယ်။ နောက်နေ့ မှာ Ti ရဲ့ မိသားစု ဟာအရင်လို ပျော်ပျော် ရွှင်ရွှင် သီချင်း သံ တွေနဲ့ ပြန်ဖြစ်သွားပါတော့ တယ်။

Source: Money Makes Cares
( A Tale From China)
Translator: itphyogyi

Science Fiction Story တစ်ခုပါ။ သက္ကရာဇ် 2500 က လူတစ်ယောက်က ကမ္ဘာ့ခေါင်းဆောင်တွေကို ပြောတာပါ။ သူမက Time Machine က နေလာခဲ့တာ။ 2500 ခုနှစ်မှာ ကမ္ဘာ့သမိုင်းထဲက ဘယ်နှစ်ကိုမဆို ပြန်သွားနိုင်နေပြီလေ။
ကျွန်တော် သင်တို့ကို အရေးကြီးပြောစရာရှိလို့ ဒီနှစ်ကိုပြန်လာခဲ့တာပါ။ ဒီနှစ်တွေဟာ ကမ္ဘာကြီးကို ထိန်းသိမ်းနိုင်ဖို့ သင်တို့ရဲ့လူနေမှုဘ၀ကို ပြောင်းလဲဖို့ နောက်ဆုံး အခွင့်အရေးပါဘဲ။
ကျွန်တော် ရှင်းပြပါ့မယ်။ ၂၀ ရာစု အလယ်စောပိုင်းကာလ ကတည်းက လူတွေက ကမ္ဘာကြီးရဲ့ လေထု၊ရေထု ညစ်ညမ်းမှု တွေနဲ့ပတ်သတ်ပြီး စို့းရိမ်ပှုပန်ခဲ့ပါတယ်။ သူတို့ ညစ်ညမ်းမှုရဲ့ အန္တရာယ်ကို ပြောခဲ့ပါတယ်။ ဒါပေမယ့် လူတော်တော် များများက သူတို့ရဲ့ လူနေမှုနည်းလမ်းတွေကို မပြောင်းလဲခဲ့ကြပါဘူး။ အဲဒီအစား သူတို့အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ နဲ့ အညစ်အကြေးတွေကို ရေကန်၊သမုဒ္ဒရာတွေထဲ ဆက်လက် စွန့်ပစ်ခဲ့ပါတယ်။ သစ်ပင်၊သစ်တောတွေကိုလည်း ခုတ်လှဲ၊ဖြတ်ဆီးခဲ့ကြတယ်။ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ ကားတွေကိုလည်း ပိုမိုပြီးမောင်းနှင်ခဲ့ကြတယ်။
သက္ကရာစ် 2200 မှာ ကမ္ဘာ့ရေထုက လုံးဝညစ်ညမ်းသွားပါပြီ။ လူတွေ ရေကို မသောက်နိုင်ကြတော့ပါဘူး။ ဒါ့ကြောင့် သူတို့ အခြားအရည်အမျိုးအစားတွေကို သုံးခဲ့ကြရတယ်။ ဒါက ပြောင်းလဲမှုကိုတော့ အားပေးပါတယ်။ မလုံလောက်ပါဘူး။ ပညာရှင်တွေက လေထု၊ရေထု ဆက်လက်ပိုမိုပြီး ညစ်ညမ်းမှာကို စိုးရိမ်နေပါတယ်။ အနာဂတ်မှာ လူအများကြီး ကမ္ဘာပေါ်မှာ နေဖို့ မသေချာဘူး လို့ပြောပါတယ်။
ဒီလိုနဲ့ သက္ကရာဇ် 2300 ရောက်လာပါပြီ။ အစားအစာပြတ်လပ်နေတဲ့ လူတွေ အများကြီးပါဘဲ။ အစားအစာအတွက် စိုက်ဖို့ ရေမရှိဘူး။ ရေအိုင်တွေ၊သမုဒ္ဒရာတွေထဲမှာလည်း ရေထု ညစ်ညမ်းနေလို့ ငါးတွေလည်းအသက်မရှင်နိုင်တော့ဘူး။ ချမ်းသာတဲ့သူ နဲ့ ဆင်းရဲတဲ့သူတွေ ကြားထဲမှာလည်း ဆိုးရွားလှတဲ့ စစ်ကြီးဖြစ်နေပါပြီ။ လူတွေ နေထိုင် ဖို့အတွက် အခြားနေရာတွေကိုလည်း စဉ်းစားလာပါပြီ။ ပညာရှင်တွေကတော့ လူနေနိုင်တဲ့ အာကာသထဲက အခြားဂြိုလ်တွေကို ကြိုးစားရှာဖွေနေပါတယ်။
သက္ကရာဇ် 2400 ရောက်တော့ လေထုက ရှုရှိုက်ဖို့ တော်တော်ညစ်ညမ်းသွားပါတယ်။ ဒါ့ကြောင့် လူတွေကမ္ကာက ထွက်ခွာရပါတော့မယ်။ ချမ်းသာတဲ့လူနည်းနည်းဘဲ ထွက်နိုင်ကြပါတယ်။ လူတွေဘယ်သွားကြ မှာလည်း? ဘယ်နေရာဖြစ်ဖြစ် နေရာမရှိပါဘူး။ ဘာ့ကြောင့်လည်းဆိုတာ သင်တို့သိပါတယ်။ ပညာရှင်တွေ လုံခြုံတဲ့ အခြားဂြိုလ်ကို မရှာနိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် အခု ငါတို့ စကြာဝဠာထဲ မှာ အာကာသယာဉ်တွေနဲ့ သွားနေကြရပါတယ်။ ကျွန်တော်အတွက် အိမ်လို့ ခေါ်နိုင်မယ့် နေရာကို ရှာနေကြရဆဲပါဘဲ။
ဒါ့ကြောင့် သင်တို့ရဲ့ သမိုင်းကို အခုကတည်းကပြောင်းလဲကြပါ။ အခု မျော်လင့်ချက်တွေ ရှိပါသေးတယ်။ နောက်မကျခင် သင်တို့ရဲ့ လူနေမှုဘ၀တွေကို ပြောင်းလဲကြပါစို့။…………………………………………..
Source: Last Chance (Science Fiction Stories)
Translator: itphyogyi

နိုင်ငံတော်တော်များများမှာ လူအများစုကားစီးနိုင်ကြပါတယ်။ ဒါဟာ ဆိုးရွားလှတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ နဲ့ လေထုညစ်ညမ်းမှုတွေ ဖြစ်စေတယ်ဆိုတာ ညွှန်ပြနေတာပါ။
Seoul, Taipei, Tokyo တို့လို အာရှနိုင်ငံကြီးတွေမှာ ကားတွေ၊ ဘတ်(စ်)ကား တွေလမ်းပေါ်မှာ အများကြီးရှိပါတယ်။ ဒါတွေက ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်စေပါတယ်။
စင်ကာပူနိုင်ငံ က ခြွင်းချက်ပါ။ ယာဉ်ကြောပိတ်ဆို့မှု လုံးဝ မရှိပါဘူး။ လေထု ညစ်ညမ်းမှုလည်း ကင်းရှင်းပါတယ်။ မြို့ထဲက လေဆိပ်ထိ 15 မိနစ် ဘဲကြာပါတယ်။ ဒီလိုအခြေအနေတွေက သူ့ဘာသာ ဖြစ်လာတာမဟုတ်ပါဘူး။ လေထုညစ်ညမ်းမှု နဲ့ ယာဉ်ကြောပိတ်ဆို့မှု ကို တိုက်ထုတ်တဲ့ Government Program ကြောင့်ပါ။ Government လုပ်ထားတာက ရှင်းရှင်းလေးပါ။ Singapore မှာ ကားပိုင်ဆိုင်ဖို့၊ ကားမောင်းဖို့ ဈေးကြီးအောင် လုပ်ထားတာပါဘဲ။ ကားဝယ်မယ်ဆိုရင် permit လိုပါတယ်။ 10-year permit ဆိုရင် US ဒေါ်လာ 75,000 ပေးရပါမယ်။ ပြီးတော့ အခွန်တွေ၊ ကျန်တာဘာညာတွေ ထပ်ပေါင်းမယ်ဆိုရင် US ဒေါ်လာ 250 000 ကျော်ပါလိမ့်မယ်။ ဒရိုင်ဘာတွေက မြို့ထဲကားမောင်းမယ်ဆိုရင် ပိုက်ဆံပေးရဦးမှာပါ။ Gasoline အတွက် tax ကလည်းဈေးကြီးပါတယ်။ ဒီလိုနည်းလမ်းကို အခြားဘယ်မှာမှ အလုပ်မဖြစ်သေးပါဘူး။
သင့်ရဲ့မြို့မှာရော ဘယ်လိုလဲ? စဉ်းစားကြည့်ပါဦး။ လူဘယ်နှစ်ယောက်လောက် ကားပိုင်သလဲ? အလုပ်အတွက်သုံးတာလား.. ပျော်ရွှင်မှုအတွက်သုံးတာလား… အခြားဘယ်ကိစ္စတွေမှာ သုံးနေကြသလဲ? တကယ်လို့ ကားပိုင်ဖို့ ၊မောင်းဖို့ ဈေးကြီးမယ်ဆိုရင် သူတို့ဘယ်လိုဖြစ်မလဲ?
ဒီနေရာ problem ရှိနိုင်ပါတယ်။ လူထုသယ်ယူပို့ဆောင်ရေးစနစ်ပါ။ buses , trains တွေက ကိုယ်ပိုင်ကားအသုံးပြုတဲ့ သူတွေအပေါ် ဘယ်လောက် ချုပ်ကိုင်ထားနိုင်သလဲ? လူတိုင်းအပေါ်မှာရော အဆင်ပြေမှုရှိရဲ့လား?
ရှင်းပါတယ်..ကမ္ဘာ့မြို့ကြီးတွေက လူတွေရဲ့ lifestyles ကို ပြောင်းလဲဖို့ တစ်ခုခုလုပ်ရပါမယ်။ကားတွေကထွက်တဲ့ ညစ်ညမ်းမှုတွေ ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိခိုက်တာ တော်တော်လေး ဆိုးဆိုးလာပါပြီ။ ဖြစ်နိုင်တာ တစ်ခုကတော့ Singapore မှာ မှန်ကန်တဲ့ အဖြေရှိတယ် ဆိုတာပါဘဲ။

Source: Traffic Jam
Translator: itphyogyi

Sunday, September 21, 2008

အခု တလော ကျွန်ဘော့် ဘလော့ရဲ့ Shout Box ထဲမှာ GtalkBomber နဲ့ ပတ်သတ်တဲ့ စာတွေရေးသွားပါတယ်။ သူတို့ပြောသလို မဟုတ်နိုင်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဖန်တီးတဲ့ အိုင်တီမောင်မောင် ရဲ့စိတ်ဓာတ်ကို ကျွန်တော်သိပါတယ်။ ဆရာဟာ အခြားသောသူများအကျိုး ယုတ်စေသောကိစ္စများကို ပြုလုပ်မှာမဟုတ်ပါဘူး။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး itmgmg က အသိပေးချက် တစ်ခုပို့ ထားပါတယ်။..အားလုံးကို မျှဝေချင်ပါတယ်............
itmgmg: ကျွန်တော့်ရဲ့ GtalkBomber ဆော့ဖ်ဝဲလေးကို http://gtalkbomber.mail2customer.com ကနေတဆင့် ကျွန်တော်မိတ်ဆွေတွေ စမ်းသုံးကြပါတယ်။ အဲဒီကနေတဆင့် လက်ဆင့်ကမ်းပြီး တစ်ကမ္ဘာလုံး ၀ိုင်းသုံးတာ အခု တစ်ရက်ကို လူ တစ်ထောင်ကျော် ၀ိုင်းသုံးနေပါတယ်။ (ပျော်စရာကြီး)။
ပြသနာက ဘာလဲဆိုတော့ UserName Password စိတ်ချရပါမလားဆိုတာပါပဲ။
တစ်ချို့ ဒီကိစ္စကို နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ကြီးကြီးကျယ်ကျယ်တွေ လျှောက်ရေး လျှောက်တွေးနေပါတယ်။ မှန်ပါတယ်။
ကျွန်တော် ဒီအကြောင်းကို တကယ်တော့ ကျွန်တော့် website မှာ ရေးမလို့ပါ။ ဘယ်လိုမှ မအားသေးလို့ အခု GtalkBomber လေးကိုပဲ သုံးပြီး အားလုံးဆီကို သတင်းပြန်ဖြန့်လိုက်ပါတယ်။
(ဒါမျိုးတွေ သုံးဖို့ ဒါလေး လုပ်ထားတာပါ)။
၁ - နည်းပညာအရ Google ရဲ့ Password သယ်ပိုတဲ့ Encrypt Method ကိုပဲ သုံးထားပါတယ်။ ဒါပေမယ့် Google ကိုယ်တိုင်က သူ့ရဲ့ Gmail နဲ့ GTalk ကို Beta လို့ပဲ အဆင့် သတ်မှတ်ပြီး အာမခံချက် မပေးထားသေးတဲ့အတွက် ကျွန်တော်လို့ ကောင်လေးက ကြားက ဘာမှ အာမခံချက် မပေးနိုင်ပါဘူး၊ သူရဲ့ Server ကို ချိတ်ရင် ဘယ်လိုချိတ်ပါ ဆိုပြီး လမ်းညွှန်ထားတဲ့အတိုင်း လိုက်လုပ်ထားတာပါ။ သိပ်ထူးစမ်းတဲ့ ပညာတွေနဲ့ လုပ်ထားတာ မဟုတ်ပါဘူး။
၂ - အဲဒါကြောင့်မို့ ကျွန်တော်အာမခံနိုင်တာ ကျွန်တော့် ကိုယ် ကျွန်တော်ပါပဲ။ ကျွန်တော်အနေနဲ့ ဘယ်သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိုမှ အလွဲသုံးစား လုပ်မှာမဟုတ်ပါဘူး။

ကျွန်တော် ဘာတွေကို သိမ်းမှတ်ထားပါသလဲ ဆိုရင် -
UserName, IP Address, Sent to Howmany Friends

ဘာကြောင့်လဲ ဆိုရင် -
- လိုအပ်တဲ့အချိန်မှာ UserName နဲ့ သုံးစွဲခွင့် တားမြစ်ချင်လို့ပါ။ (ဥပမာ ကျွန်တော်ရဲ့ GtalkBomber ကိုသုံးပြီး အားလုံးကို နှောက်ယှက်နေရင်)
- ဘယ်နိုင်ငံကနေ သုံးနေကြလဲ သိချင်လို့ပါ။
- တစ်နေ့ကို ကျွန်တော် Site အနေနဲ့ message ဘယ်လောက် ပို့နေရလဲ၊ Performance အရ Error ဖြစ်နိုင်လား ဆိုတဲ့ နည်းပညာအတွက်ပါ။

အသေးစိတ်ကို ကျွန်တော် site မှာ စာပြန်ရေးပေးပါဥိးမယ်။
အခုဟာက အရေးပေါ်၊ အရေးပေါ်....

အားလုံးကို လေးစားလျက်
itmgmg
http://www.itmgmg.com